နဂါးမောက်ဆရာတော်ကြီး၏ သက်တော်(၄၈)နှစ်ပြည့် ဝိဇာတမွေးနေ့အလှူတော်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြဆည်းဆာပရိယတ္တိစာ သင်တိုက်၊ ဘိုးဘွားများခိုလှုံရာရိပ်သာနှင့် မိဘမဲ့ဂေ ဟာ၊ လေးကျွန်းသစ္စာရှင် နဂါးမောက်စေတီတော်မြတ်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလဓမ္မဇောဓိကဓဇ ဘာသာ၊ သာသနာဝုဏ်ထူးဆောင်ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တ နရိန္ဒ၏ သက်တော်(၄၈)နှစ်၊ ဝါတော်(၂၈)နှစ်ပြည့်ဝိဇာတမွေးနေ့အ လှူတော်အား ယနေ့ ဇွန် ၂၄ ရက်ကဆင်ယင်ကျင်းပခဲ့သည်။
ဆရာတော်၏ မွေးနေ့မင်္ဂလာနှင့်အတူ လေးကျွန်းသစ္စာနဂါးမောက်စေတီတော်မြတ်ကြီး၏ သာသနအလုပ်ကျွေးပြု ဆင်တော်မင်္ဂလာ(၅)စီးလှည့်လည်ရာမှရရှိသည့် မီးလင်းအခေါက်ရွှေ(၄)ကျပ်သားကိုလည်း နဂါး မောက်စေတီတော်မြတ်ကြီးသို့လှူဒါန်းခဲ့သည်။
မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူ များတက်ရောက်ကြည်ညိုပူဇော်၍ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများကိုဆက်ကပ်လှူဒါန်းခဲ့ကြသည်။