နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေးနှင့် အာဆီယံ–အိန္ဒိယ စီးပွားရေးစင်္ကြံစီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် အိန္ဒိယသံအမတ်ကြီး ဆွေးနွေး
ဒုတိယသမ္မတ ဦးညိုစောသည် ဇွန် ၂၄ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur အား လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေးနှင့် အာဆီယံ–အိန္ဒိယ စီးပွားရေးစင်္ကြံကို အထောက်အကူပြုမည့် စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ကုန်သွယ်မှု ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေများ၊ နှစ်နိုင်ငံ ဘဏ်လုပ်ငန်းစနစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် စီးပွားရေး၊ ကုန်သွယ်ရေးအပါအဝင် ဘက်စုံကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။