ကမ္ဘာ့ဖလားဧရိယာများမှ ဒရုန်း ၃၀၀ ကျော် သိမ်းဆည်းရမိခဲ့
=====================

အမေရိကန်အာဏာပိုင်များဟာ ယခုလအစောပိုင်းတုန်းမှ စတင်ကျင်းပလာခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဒရုန်း ၃၀၀ ကျော် ဖမ်းဆီးသိမ်းဆည်းမှု ပြုလုပ်နိုင်ခဲ့ပါတယ်။
ပွဲနေ့များတွင် ကွင်းအနီး ၃ မိုင်ပတ်လည်အတွင်း ပေ ၃၀၀၀ အမြင့်မှ ဒရုန်းအပါအဝင် လေယာဉ်၊ ရဟတ်ယာဉ်ပျံသန်းခွင့် ပိတ်ပင်ထားသလို ပရိသတ်ဇုန်များတွင်လည်း ယင်းသို့ ကန့်သတ်ထားပါတယ်။
အမေရိကန်အာဏာပိုင်တို့ဟာ ပရိသတ်များလုံခြုံရေးအတွက် ယင်းသို့ ဒရုန်းများကို ကန့်သတ်ထားခြင်းလည်း ဖြစ်ပါတယ်။
အထူးသဖြင့် ဒရန်ုးဖြင့် အကြမ်းဖက်တိုက်ခိုက်မှုအား တားဆီးရန်အတွက် ယင်းသို့ လုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။
FBI တပ်ဖွဲ့ဝင်များဟာ ကမ္ဘာ့ဖလားကွင်းတဝိုက်တွင် အခွင့်မရှိဘဲ ပျံသန်းတဲ့ ဒရုန်းများကို ရှာဖွေပြီး ပျံသန်းနိုင်ခြင်း မပြုလုပ်နိုင်အောင် ပြုလုပ်ပါတယ်။
ဒါ့အပြင် ဥပဒေအရ ကမ္ဘာ့ဖလားပြိုင်ပွဲ မပျံသန်းရဇုံစည်းမျဉ်းကို ချိုးဖောက်ကြောင်း တေ့ရှိပါက ဒေါ်လာ ၁ သိန်းအထိ ဒဏ်ရိုက်ခြင်းခံရမဲ့အပြင် သိမ်းဆည်းခြင်း၊ ရာဇဝတ်မှုဖြင့် အမှုဖွင့်ခြင်းလည်း ခံရပါမယ်။
ပြီးခဲ့တဲ့အပတ်တုန်းက ကန်ဆက်စ်စီးတီးတွင် FBI နှင့် အခြားအေဂျင်စီများက ဒရုန်း ၈ စင်းနှင့် ထိန်းချုပ်ခလုတ်များကို သိမ်းဆည်းခဲ့သလို Federal Air Marshal Service (FAMS) ကလည်း ဒရုန်း ၂ စင်းမှာ စည်းမျဉ်းချိုးဖောက်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
တဖက်တွင် မက္ကဆီကိုစစ်တပ်ဟာလည်း တောင်ကိုရီးယားလေ့ကျင့်ရေးစခန်းအနီး ပျံသန်းနေတဲ့ ဒရုန်းတစ်စင်းကို ပစ်ချမှု ပြုလုပ်ခဲ့ရပါသေးတယ်။
၂၀၂၄ ခုနှစ် အိုလံပစ်ပြိုင်ပွဲတုန်းက ကနေဒါအမျိုးသမီးအသင်းဟာ ပြိုင်ဘက် နယူးဇီလန်အသင်းကို ဒရုန်းအသုံးပြုကာ ထောက်လှမ်းမှုအတွက် ရမှတ် ၆ မှတ်လျှော့ချခြင်းခံခဲ့ရဖူးပြီးလည်း ဖြစ်ပါတယ်။

image