Man of the Match ဆု ရရှိပြီးနောက် ရိုးသားစွာ ပြောဆိုလာတဲ့ ဘယ်လင်ဂမ်
====================
ဂျူ့ဘယ်လင်ဂမ်ဟာ ဂါနာနှင့်ပွဲတွင် Man of the Match ဆု ရရှိပြီးနောက် ဒီဆုနှင့် မထိုက်တန်ကြောင်း ရိုးသားစွာ ဖွင့်ဟ ပြောကြားလာပါတယ်။
ဘယ်လင်ဂမ်နှင့် အင်္ဂလန်ကစားဖော်များဟာ ဂါနာနှင့်ပွဲစဉ်တွင် ဘောလုံးပိုင်ဆိုင်မှု ၇၈ ရာခိုင်နှုန်းအထိ ရရှိပြီး ဂိုးပေါက်ကန်ချက် ၁၉ ကြိမ်အထိ ပြုလုပ်ခဲ့ပေမဲ့ ဂိုးပေါက်ရှာမတွေ့ခဲ့ပါဘူး။
အသက် ၂၂ နှစ်ရှိ ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားဟာ ပွဲပြီးရန် မိနစ် ၂၀ အလိုတွင် မော်ဂန်ရိုဂျာနှင့် လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။
ကမ္ဘာ့ဖလားပွဲများတွင် Man of the Match ဆုအား ပရိသတ်များက ရွေးချယ်ချီးမြှင့်လာတာလည်း ဖြစ်ပါတယ်။
Man of the Match ဆု လက်ခံရယူပြီးချိန်တွင် ဘယ်လင်ဂမ်က "ဒီဆုနဲ့ မထိုက်တန်ပါဘူး။ ခံစစ်ကောင်းကောင်း ကစားတဲ့သူပဲ ရသင့်တယ်။ အခွင့်အရေးတချို့ ရခဲ့ပေမဲ့ အရမ်းခက်ခဲခဲ့တယ်။ ကျွန်တော့်အပေါ် မဲပေးမှုအပေါ် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ခံစစ်ကစားသမားတစ်ဦးဦးပဲ ရသင့်တယ်။ သူတို့ သရေကျအောင် ကစားခဲ့ကြတာ။ ဒါမှလည်း သူတို့အတွက် မျှတမယ်"လို့ ပြောကြားသွားပါတယ်။
ဘယ်လင်ဂမ်ဟာ ယင်းပွဲတွင် အင်္ဂလန်အတွက် ပွဲ ၅၀ ပြည့်ကစားခဲ့တာ ဖြစ်ပြီး ဝိန်းရွန်းနီရဲ့ အင်္ဂလန်အတွက် အသက်အငယ်ဆုံးပွဲ ၅၀ ပြည့်ကစားနိုင်တဲ့ စံချိန်ကို ရိုက်ချိုးနိုင်ခဲ့ပါတယ်။