ကမ္ဘာ့ဖလားတွင် ရော်နယ်ဒို ဂိုးသွင်း/မသွင်းလောင်းကြေးထပ်ရာမှ ပေါင် ၅၀၀၀ အနိုင်ရရှိလာတဲ့ ပီယာ့စ်မော်ဂန်
====================

ပီယာ့စ်မော်ဂန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့်ပတ်သက်ပြီး လောင်းကြေးထပ်မှုတစ်ခုကနေ ပေါင် ၅၀၀၀ အား ပရဟိတအဖွဲ့တစ်ခုသို့ လှူဒါန်းခွင့် ရရှိလာပါတယ်။
ပီယာ့စ်မော်ဂန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခရစ္စတီယာနိုရော်နယ်ဒို ဂိုးသွင်း/မသွင်းအား Content Creator ရိုရီဂျန်နင်းနှင့် လောင်းကြေးထပ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဂျန်နင်းက ခရစ္စတီယာနိုရော်နယ်ဒိုမှာ ကမ္ဘာ့ဖလားတွင် ဂိုးမသွင်းလို့ ခန့်မှန်းခဲ့တာ ဖြစ်ပြီး မော်ဂန်ကမူ ဂိုးသွင်းမယ်လို့ ခန့်မှန်းခဲ့ပါတယ်။
မော်ဂန်က လောင်းကြေးအနိုင်ရလာမှုနှင့်အတူ ချဲလ်ဆီးပရိသတ်ဂျန်နင်းဟာ ပရဟိတအဖွဲ့တစ်ခုထံ ပေါင် ၅၀၀၀ လှူဒါန်းလာရတော့မှာလည်း ဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဒီမိုကရက်တစ်ကွန်ဂိုနှင့်အဖွင့်ပွဲတွင် ဂိုးပေါက်ရှာမတွေ့ခဲ့ပေမဲ့လည်း မနေ့ညတုန်းက ဥဇဘက်ကစ္စတန်အား ၅-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာ ၂ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကမ္ဘာ့ဖလား ၆ ကြိမ်ဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် သမိုင်းမှတ်တိုင်သစ်စိုက်ထူလာသလို ဒုတိယအသက်အကြီးဆုံးဂိုးသွင်းနိုင်သူအဖြစ်လည်း မှတ်တိုင်စိုက်ထူနိုင်ခဲ့ပါတယ်။
မော်ဂန်က သူ လောင်းကြေးအနိုင်ရတဲ့ ပေါင် ၅၀၀၀ အား ဗြိတိန်စစ်တပ်တွင် တာဝန်ထမ်းဆောင်ရင်း ကျဆုံး/သေဆုံးသွားတဲ့ မိဘများ ကြုံတွေ့ရတဲ့ သားသမီးများကို ထောက်ပံ့ကူညီပေးတဲ့ Scotty's Little Soldiers ပရဟိတအဖွဲ့ထံ လှူဒါန်းရန် ပြောကြားထားပြီး အလှူခံဖြတ်ပိုင်းအား ပေးပို့ရန် ဂျန်နင်းကို ပြောဆိုထားပါတယ်။

image