အလွန်ဆိုရဲ့ ပထမဆုံးခေါ်ယူမှုအဖြစ် စီးရီးအေရဲ့အကောင်းဆုံးနောက်ခံလူကို ခေါ်ယူရန် ချဲလ်ဆီးနီးစပ်နေပြီ
===================

ချဲလ်ဆီးဟာ နည်းပြသစ်ဇာဘီးအလွန်ဆိုလက်ထက် ပထမဆုံးခေါ်ယူမှုအဖြစ် အတ္တလန္တာနောက်ခံလူမာကိုပါလက်စထရာကို ပေါင် ၄၃ သန်းဖြင့် ခေါ်ယူလာတော့မှာ ဖြစ်ပါတယ်။
ပါလက်စထရာဟာ ပြီးခဲ့တဲ့ရာသီတုန်းက ကက်ဂလီယာရီတွင် အငှားဖြင့် ကစားစဉ် ခြေစွမ်းပြကစားနိုင်မှုနှင့်အတူ စီးရီးအေရဲ့အကောင်းဆုံးနောက်ခံလူဆုကို ရရှိခဲ့သူ ဖြစ်ပြီး အင်တာမီလန်သို့ ပြောင်းလုနီးပါး ဖြစ်နေပါတယ်။
ဒါပေမဲ့ နောက်ဆုံး ၂၄ နာရီအတွင်းတွင် ချဲလ်ဆီးက အသက် ၂၁ နှစ်ရှိ နောက်ခံလူအား ခေါ်ယူရေး ဆွေးနွေးလာမှုနှင့်အတူ အပြောင်းအရွှေ့မှာ အပြောင်းအလဲ ဖြစ်လာပါတယ်။
ပါလက်စထရာဟာ နောက်တန်းအစွန် ၂ နေရာတွင်သာမက တောင်ပံခံစစ်သမားနေရာမှာလည်း ထူးချွန်စွာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပါတယ်။
အလွန်ဆိုဟာ လာမဲ့ ဇူလိုင်လ ၁ ရက်နေ့တွင်မှ ချဲလ်ဆီးနည်းပြအဖြစ် တရားဝင် တာဝန်ထမ်းဆောင်လာမှာ ဖြစ်ပေမဲ့လည်း ကစားသမား ခေါ်ယူရေးတို့နှင့်ပတ်သက်ပြီး အသင်းတာဝန်ရှိသူများနှင့် ချိတ်ဆက်ကာ လုပ်ဆောင်နေပါတယ်။
ချဲလ်ဆီးဟာ ယခုနွေရာသီတွင် အနည်းဆုံးဗဟိုနောက်ခံလူတစ်ဦးနှင့် တိုက်စစ်တွင် စွယ်စုံကစားနိုင်တဲ့ တိုက်စစ်သမားတစ်ဦးကိုလည်း ခေါ်ယူလာဖို့ ရှိပါတယ်။
ယခုနွေရာသီတွင် ချဲလ်ဆီးသို့ စပို့တင်းတောင်ပံကစားသမားဂျီယိုဗာနီကွင်ဒါနှင့် စထရာဘော့တိုက်စစ်မှူးအီမန်နူရယ်အီမီဂါတို့ ရောက်လာဦးမှာ ဖြစ်ပါတယ်။
တဖက်တွင် ချဲလ်ဆီးဟာ မာ့ခ်ကူကူရယ်လာကို ရီးရဲလ်မက်ဒရစ်သို့ ပေါင် ၅၂ သန်းဖြင့် ရောင်းချထားပါတယ်။

image