ဘားအံမြို့တွင် ကျောင်းသား၊ ကျောင်း သူ (၁၄၀) ဦးအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

​လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန၊ ဘားအံမြို့နယ်ဦးစီးမှူးရုံးမှ ယနေ့ ဇွန် (၂၂) ရက်တွင် ဘားအံမြို့၊ အမှတ်(၃)အခြေခံပညာအထက် တန်းကျောင်းသို့ သွားရောက်၍ ကျောင်း သား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
​အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ဘားအံမြို့နယ်ဦးစီးမှူး ဦးသီဟစိုးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်း သူ စုစုပေါင်း (၁၄၀) ဦးကို လူကိုယ်တိုင် စိစစ်ကာကတ်ပြားများ အခမဲ့ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
​ယင်းသို့ ကွင်းဆင်းဆောင်ရွက်နေမှုကို ဘားအံခရိုင်ဦးစီးမှူး ဦးဝင်းကိုစိုး၊ ဘားအံခရိုင်ပညာရေးမှူး ဒေါ်သန်းစိုးနှင့် ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးတို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများထံ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း အတူ တကွ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရပါသည်။

image