အင်တာမီလန်က ဂျုံးစ်အား ပေါင် ၂၁.၇ သန်းဖြင့် ကမ်းလှမ်းမှုကို လီဗာပူးပယ်ချ
=====================

လီဗာပူးဟာ အင်တာမီလန်က ကာတစ်ဂျုံးစ်အား ပေါင် ၂၁.၇ သန်းဖြင့် ခေါ်ယူရေး ကမ်းလှမ်းလာမှုအပေါ် ပယ်ချလာပါတယ်။
လီဗာပူးဟာ ကာတစ်ဂျုံးစ်အား ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းသတ်မှတ်ထားတာ ဖြစ်ပြီး အင်တာမီလန်ရဲ့ ကမ်းလှမ်းလာမှုက များစွာ ကွာဟနေမှုနှင့်အတူ ပယ်ချလာတာလည်း ဖြစ်ပါတယ်။
အသက် ၂၅ နှစ်ရှိ ဂျုံးစ်ဟာ လီဗာပူးနှင့် တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့တာ ဖြစ်ပြီး အင်တာမီလန်ဟာ ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ခေါ်ယူရေး ကြိုးပမ်းလာတာပါ။
အင်တာမီလန်ဟာ ဇန်နဝါရီလတုန်းကလည်း ဂျုံးစ်ကို ခေါ်ယူရေး ကြိုးပမ်းခဲ့ပေမဲ့ ထိုစဉ်တုန်းကလည်း လီဗာပူးဘက်က ပယ်ချခဲ့ပါတယ်။
ကာတစ်ဂျုံးစ်ဟာ အသက် ၉ နှစ်အရွယ်ကတည်းက လီဗာပူးအကယ်ဒမီသို့ ရောက်လာသူ ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ကလပ်နှင့် ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခဲ့သူ ဖြစ်ပါတယ်။
ဂျုံးစ်ကိုယ်တိုင်ကလည်း အင်တာမီလန်သို့ ပြောင်းကစားရန် စိတ်ဝင်စားနေပြီး အီတလီလူနေမှုဘဝနှင့်ပတ်သက်ပြီး ကစားဖော် ဖီဒီရီကိုချီယေဆာကို မေးမြန်းမှု ပြုလုပ်ထားကြောင်း သိရပါတယ်။

image