ထောင့်ကန်ဘောတိုင်း ဂိုးရရှိမယ်ဆိုတဲ့ ယုံကြည်မှု ရှိနေတဲ့ ဒီကလန်ရိုက်စ်
======================

အင်္ဂလန်ကွင်းလယ်ကစားသမားဒီကလန်ရိုက်စ်က ထောင့်ကန်ဘော ကန်တိုင်း ဖန်တီးမှုရရှိလာမယ်လို့ ခံစားနေရကြောင်းနှင့် အင်္ဂလန်ပရိသတ်များအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ထောင့်ကန်ဘောကန်တိုင်း စိတ်လှုပ်ရှားရမယ်လို့ ပြောကြားလာပါတယ်။
အင်္ဂလန်ဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်တုန်းက ခရိုအေးရှားအား ၄-၂ ဖြင့် အနိုင်ရတဲ့ပွဲတွင် အလွတ်တည်ကန်ဘောများဖြင့် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
ဟယ်ရီကိန်းက ပင်နယ်တီမှ တဆင့် ဦးဆောင်ဂိုးသွင်းခဲ့သလို ဒုတိယဂိုးကိုလည်း ရိုက်စ်ရဲ့ ထောင့်ကန်ဘောမှ ခေါင်းတိုက်ကာ သွင်းယူခဲ့ပါတယ်။
အသက် ၂၇ နှစ်ရှိ ရိုက်စ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ၂၂ နှစ်အတွင်း ပထမဆုံးပရီးမီးယားလိဂ်ဖလား ဆွတ်ခူးခဲ့တဲ့ အာဆင်နယ်ရဲ့ တစ်ရာသီအတွင်း စံချိန်တင် အလွတ်တည်ကန်ဘောမှ သွင်းဂိုး ၁၉ ဂိုး ရရှိရာတွင်လည်း အဓိကနေရာမှ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပြိုင်ပွဲအရပ်ရပ်တွင် အလွတ်တည်ကန်ဘောမှ ၂၅ ဂိုးအထိ ရရှိခဲ့တာပါ။
ရိုက်စ်က "အခု လူတိုင်းပျော်ကြတယ်(အလွတ်တည်ကန်ရချိန်)။ မပျော်ကြဘူးလား။ အခု လူတိုင်း ပျော်ကြတယ်"လို့ ပြောကြားသွားပါတယ်။
ဒီကလန်ရိုက်စ်ဟာ ဒူဘိုင်းတွင် ရာသီဝက်လေ့ကျင့်ခန်းဆင်းပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ အာဆင်နယ်ရဲ့ ဦးစားပေး အလွတ်တည်ကန်ဘောကန်သူ ဖြစ်လာခဲ့တာပါ။
ဆက်လက်ပြီး ဒီကလန်ရိုက်စ်က "ထောင့်ကန်ဘောနဲ့ အလွတ်တည်ကန်ဘောတွေ မကန်ခဲ့ဘူး။ ဒါပေမဲ့ နီကို(အလွတ်တည်ကန်ဘောနည်းပြဂျိုဗာ)နဲ့အာဆင်နယ်မန်နေဂျာ(အာတီတာ)တို့က အခြားသူတွေ မမြင်တဲ့ အရည်အချင်း ကျွန်တော့်မှာ ရှိတာ မြင်ကြတယ်။ သူတို့က အရင်တုန်းက ဘူကာယို(ဆာကာ)အပြင် အလွတ်တည်ကန်ဘောကို ဘယ်သူမှ မကန်ကြဘူး။ သူတို့က ကျွန်တော်ကန်နိုင်တယ်လို့ ယုံကြည်တယ်။ အခု ကျွန်တော်လည်း ကန်နိုင်တယ်လို့ ယုံကြည်နေတယ်။ အချိန်ကြာမြင့်လာတော့ ဖရီးကစ် သို့မဟုတ် ထောင့်ကန်ဘောလို အလွတ်တည်ကန်ဘောကန်တိုင်း ဖန်တီးမှု တစ်ကြိမ် ရတော့မယ်၊ တခုခု ဖြစ်တော့မယ်လို့ ခံစားနေရတယ်။ ဒါက အလွတ်တည်ကန်ဘောကန်ရာမှာ ကောင်းမွန်တဲ့ စိတ်ဓာတ်ဖြစ်စေပါတယ်။ ပြီးတော့ အင်္ဂလန်ပရိသတ်တွေ စိတ်လှုပ်ရှားသင့်တယ်"လို့ ပြောကြားသွားပါတယ်။
ဒီကလန်ရိုက်စ်ဟာ အာဆင်နယ်ရဲ့ ဦးစားပေး ထောင့်ကန်ဘောကန်သူ ဖြစ်လာသလို ယခု ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း အင်္ဂလန်ဒုတိယအသင်းခေါင်းဆောင်ဖြစ်လာပါတယ်။

image