အိုနေးလ်အား နည်းပြသစ်အဖြစ် ခန့်အပ်ရန် ပရီးမီးယားလိဂ်တန်းတက် အစ္စဝှစ်ချ် နီးစပ်နေ
=====================
အစ္စဝှစ်ချ်ဟာ ဂယ်ရီအိုနေးလ်အား နည်းပြသစ်အဖြစ် ခန့်အပ်ရန် နီးစပ်နေပြီ ဖြစ်ပါတယ်။
အသက် ၄၃ နှစ်ရှိ ဝုဗ်နှင့် ဘုန်းမောက်နည်းပြဟောင်းဟာ ယခုလအစောပိုင်းတုန်းက နုတ်ထွက်သွားတဲ့ ကီရန်မက်ကန်နာနေရာတွင် အစားထိုးခန့်အပ်ခြင်းခံရရေး ထိပ်ဆုံးမှ အခြေအနေကောင်းနေတာလည်း ဖြစ်ပါတယ်။
အိုနေးလ် လတ်တလော ကိုင်တွယ်နေတဲ့ ပြင်သစ်လီဂူး ၁ ကလပ်စထရာဘော့နှင့် နစ်နာကြေးနှင့်ပတ်သက်ပြီး သဘောတူညီမှု မရသေးပေမဲ့ ယင်းက ပြဿနာတစ်ရပ် ဖြစ်လာမဲ့ အခြေအနေမှာ မရှိပါဘူး။
အိုနေးလ်နှင့်အတူ စထရာဘော့တွင် အလုပ်လုပ်နေတဲ့ လက်ထောက်နည်းပြများဖြစ်ကြတဲ့ ဂျမ်ဂျန်ကန်နှင့် နေးလ်ခရစ်ချ်လီတို့လည်း အစ္စဝှစ်ချ်သို့ လိုက်ပါလာမယ်လို့ ယုံကြည်ရပါတယ်။
ယခုအပတ်အစောပိုင်းတုန်းက အစ္စဝှစ်ချ်နည်းပြရာထူးအတွက် ယူနိုက်တက်နည်းပြဟောင်းအိုလီဂန်းနားဆိုးလ်ရှားလည်း ရေပန်းစားခဲ့ဖူးပါတယ်။
အိုနေးလ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက စထရာဘော့ကို လီဂူး ၁ တွင် အဆင့် ၈ နေရာတွင် ရပ်တည်နိုင်အောင် ကူညီခဲ့သလို ကွန်ဖရင့်လိဂ်ဆီမီးဖိုင်နယ်သို့လည်း ပို့ဆောင်ပေးခဲ့ဖူးပါတယ်။
အိုနေးလ်ဟာ ဘရစ်စတိုးစီးတီးတွင် ကစားစဉ်တုန်းက လက်ရှိ အစ္စဝှစ်ချ်အမှုဆောင်ချုပ်မ်အက်ရှ်တန်နင့် တွေ့ဆုံခဲ့ဖူးပါတယ်။
လက်ရှိအနေအထားအရ အိုနေးလ်ဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ဝုဗ်နည်းပြရာထူးမှ ထွက်ခွာခဲ့ရပြီးနောက် ပရီးမီးယားလိဂ်တွင် တကျော့ပြန် ခြေချလာတော့မှာလည်း ဖြစ်ပါတယ်။
အစ္စဝှစ်ချ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ဩဂုတ်လ ၂၂ ရက်နေ့တွင် ဆန်းဒါးလန်းအား အိမ်ကွင်းတွင် ဧည့်ခံကစားရပါမယ်။