အန်ဒါဆင်ကို ပေါင်သန်း ၁၃၀ ဖြင့် ခေါ်ယူရန် အနီးစပ်ဆုံး ဖြစ်နေပြီ ဖြစ်တဲ့ မန်စီးတီး
====================

မန်စီးတီးဟာ နော်တင်ဟမ်ဖောရက်စ်ကွင်းလယ်ကစားသမားအီးလီးယော့အန်ဒါဆင်ကို ပေါင်သန်း ၁၃၀ ဖြင့် ခေါ်ယူရေး အနီးစပ်ဆုံးအနေအထားသို့ ရောက်နေပြီ ဖြစ်ပါတယ်။
မန်စီးတီးဟာ မကြာသေးမီတုန်းက ပေါင်သန်း ၁၂၀ ဖြင့် အန်ဒါဆင်ကို ခေါ်ယူရေး ကမ်းလှမ်းမှု အပါအဝင် ကမ်းလှမ်းမှု ၂ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ပေမဲ့ ပယ်ချခြင်းခံခဲ့ရပါတယ်။
နော်တင်ဟမ်ဖောရက်စ်ပိုင်ရှင်အီဗန်ဂျီလို့စ်မာရီနာကစ်က အန်ဒါဆင်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၃၀ ဝန်းကျင် ရရှိလိုနေကာ ကလပ်သမိုင်းတွင် အကြီးမားဆုံးကစားသမားရောင်းချမှုဖြစ်စေလိုနေပါတယ်။
ဒါပေမဲ့ နှစ်ဖက်ကလပ်များအကြား အဆင်ပြေချောမွေ့စွာ ဆက်လက် ဆွေးနွေးမှုများ ပြုလုပ်နေကြပြီး မကြာမီအချိန်အတွင်းတွင် သဘောတူညီမှု ရရှိလာမယ်လို့ ယုံကြည်ရပါတယ်။
တကယ်လို့များ သဘောတူညီမှု ရရှိလာပါက မန်စီးတီးဟာ အင်္ဂလန်နှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်နေတဲ့ အန်ဒါဆင်အား အမေရိကန်တွင်ပင် ဆေးစစ်ဆေးမှု ခံယူရေး လုပ်ဆောင်လာပါမယ်။
မန်စီးတီးဟာ နယူးကာဆယ်ကွင်းလယ်ကစားသမားဆန်ဒရိုတိုနာလီကိုလည်း ခေါ်ယူရန် ကြိုးပမ်းနေပေမဲ့လည်း ရိုဒရီရဲ့ အပြောင်းအရွှေ့ ဆုံးဖြတ်ချက်အပေါ် မူတည်ကာ ဆုံးဖြတ်လာပါမယ်။
လက်ရှိအချိန်တွင် စပါးစ်က အီတလီလက်ရွေးစင်အား ခေါ်ယူရေး ထိပ်ဆုံးမှ ကြိုးပမ်းနေပေမဲ့ မန်စီးတီးကလည်း နောက်ဆုတ်သွားခြင်းတော့ မရှိသေးပါဘူး။

image