ဂျပန်နှင့် တူနီးရှားပွဲတွင် အထူးစပါယ်ရှယ်ကမ္ဘာ့ဖလားပွဲအဖြစ် အထူးထုတ် အင်္ကျီကို ဒိုင်လူကြီး ဝတ်ဆင် ကြီးကြပ်လာမည်
=====================

ရိုမေးနီးယားဒိုင်လူကြီးအက်စ်ဗန်ကိုဗစ်ဟာ ဂျပန်နှင့် တူနီးရှားတို့ရဲ့ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ်တွင် သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားပွဲ ၁၀၀၀ မြောက်ပွဲအဖြစ် အထူးထုတ် အင်္ကျီကို ဝတ်ဆင် ကြီးကြပ်လာပါမယ်။
ဖီဖာဒိုင်အကြီးအကဲပီယာလူဂီကော်လီနာက ဒိုင်လူကြီးမှာ နံပါတ် ၁၀၀၀ ပါ ရွှေရောင်အမှတ်တံဆိပ်ပါ အင်္ကျီကို အထူးထုတ်အနေဖြင့် ဝတ်ဆင်ကြီးကြပ်လာမယ်လို့ အတည်ပြုလာပါတယ်။
အသက် ၄၁ နှစ်ရှိ ကိုဗစ်ဟာ ဒုတိယမြောက် ကမ္ဘာ့ဖလားအဖြစ် ကြီးကြပ်နေတာ ဖြစ်ပြီး တနင်္ဂနွေနေ့ နံနက်ပိုင်းတုန်းက မွန်တာရေးတွင် အထူးထုတ်အင်္ကျီအား ပေးဆပ်ခြင်းခံခဲ့ရပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၃၀ တွင် စတင်ပြီးနောက် ယခု ၉၆ နှစ်ကြာချိန်တွင် ပွဲ ၁၀၀၀ ပြည့်လာမှာလည်း ဖြစ်ပါတယ်။
ယခုနှစ် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အရေအတွက် ၄၈ သင်းအထိ တိုးမြှင့်ထားမှုနှင့်အတူ ၁၀၄ ပွဲအထိ ကစားလာမှာ ဖြစ်ပြီး ကမ္ဘာ့ဖလားသမိုင်းတွင် ပွဲအများဆုံးပြိုင်ပွဲလည်း ဖြစ်လာပါမယ်။

image