ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း တုန်လှုပ်စရာ အပြောင်းအရွှေ့အဖြစ် အီတလီကလပ်ငယ်လေးသို့ ကစားသမားဘဝမှ အနားယူထားပြီးဖြစ်တဲ့ ရော်နယ်ဒင်ဟို ပြောင်းရွှေ့လာ
=====================

ကမ္ဘာ့ဖလားဂန္ထဝင်ရော်နယ်ဒင်ဟိုဟာ ကစားသမားဘဝမှ အနားယူထားတာ ဆယ်စုနှစ်တစ်ခုကျော်ပြီဖြစ်ပေမဲ့လည်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အံ့ဩစရာကောင်းတဲ့ အပြောင်းအရွှေ့အဖြစ် အီတလီကလပ်ငယ်လေး ရာဗန်နာသို့ ပြောင်းရွှေ့လာပါတယ်။
အသက် ၄၆ နှစ်ရှိ ဘရာဇီးဂန္ထဝင်ဟာ ၂၀၁၅ ခုနှစ်တုန်းက ဖလူးမီးနက်စ်တွင် ကစားနေစဉ် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့တဲ့ ဘောလုံးလောကကို ကျောခိုင်းခဲ့သူ ဖြစ်ပါတယ်။
ဒါပေမဲ့ ရော်နယ်ဒင်ဟိုဟာ အီတလီစီးရီးစီကလပ် ရာဗန်နာသို့ ပြောင်းရွှေ့လာပါတယ်။
ရည်မှန်းချက်ကြီးမားတဲ့ စီးရီးစီကလပ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက တန်းတက်နိုင်မဲ့ အခွင့်အရေးနှင့် ကပ်လွဲခဲ့တဲ့အသင်းဖြစ်ပြီး အသင်းပိုင်ရှင်အိုင်ဂနာဇီယိုစီပရီယာနီဟာ လာမဲ့အပတ် မိုင်ယာမီတွင် ရော်နယ်ဒင်ဟို အပြောင်းအရွှေ့ကို တရားဝင် ကြေညာလာဖို့ ရှိနေပါတယ်။
ရော်နယ်ဒင်ဟိုက "အရောင်သစ်တွေ၊ ယခင်အပြုံးတွေနဲ့။ ဘောလုံးနဲ့ ပြန်ကပြီး အိုင်ဂနာဇီယိုနဲ့ စီပရီယာနီ မိသားစုတစ်ခုလုံးနဲ့အတူ ပုံပြင်သစ်ရေးသားဖို့ မစောင့်နိုင်အောင် ဖြစ်နေပြီ။ ဘောလုံးက ကျွန်တော့်ပျော်ရွှင်မှုရဲ့ရင်းမြစ်အဖြစ် အမြဲရှိနေပါတယ်။ ရာဗန်နာကိုလည်း ဒီစိတ်ဓာတ်တွေ ယူဆောင်ပေးချင်တယ်"လို့ ပြောကြားသွားပါတယ်။
စီပရီယာနီက ဘရာဇီးနှင့်အတူ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲအပြင် Bollon d/Or လည်း ဆွတ်ခူးခဲ့တဲ့ ရော်နယ်ဒင်ဟိုက သူ့ရဲ့ ငယ်ဘဝ စံပြကစားသမားဖြစ်ကြောင်း ဖွင့်ဟထားပါတယ်။
၎င်းက "အမေရိကန်မှာ ကျွန်တော့်ဘဝ ၂၄ နှစ်ကုန်ဆုံးခဲ့တယ်။ ဒါပေမဲ့ ရာဗန်နာကို ကိုယ့်အိမ်လို့ သတ်မှတ်ထားတုန်းပါ။ ရော်နယ်ဒင်ဟိုကို ခေါ်ယူလိုက်နိုင်မှုက ဒီကလပ်အတွက် တကယ့်ကို ကြီးမားလွန်းလှပါတယ်။ သူက ကျွန်တော့်စံပြပါ။ ဘောလုံးမှာ သူ လုပ်ပြခဲ့တာတွေက ကွင်းထဲ စွမ်းဆောင်မှုတွေထက် ကျော်လွန်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ဒါပေမဲ့ ရာဗန်နာရဲ့ ဂုဏ်ထူးဆောင်ဒုက္ကဌအေရီဒိုဘရိုင်ဒါက ဘာစီလိုနာနှင့် အေစီမီလန်ဂန္ထဝင်ကစားသမားမှာ ကလပ်ရဲ့ ပရိုမိုးရှင်းပွဲများတွင် ပါဝင်လာမှာ ဖြစ်ပေမဲ့ ကလပ်အတွက် ကစားလာနိုင်မှာ မဟုတ်ကြောင်း ဆိုသွားပါတယ်။
၎င်းက "ရော်နယ်ဒင်ဟိုက ကျွန်တော့်အတွက် မတ်ကက်တင်းပွဲတစ်ခု လုပ်ပေးပါလိမ့်မယ်။ ဒါပေမဲ့ လာမဲ့ရာသီမှာ စီးရီးစီမှာ ကျွန်တော်တို့အတွက် ကစားလာမှာ မဟုတ်ပါဘူး။ သူ ကစားနိုင်သေးဖို့တော့ မျှော်လင့်တယ်။ ဒင်ဟိုက ထူးချွန်ထက်မြက်ပြီး အံ့ဩစရာကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ မီလန်နေ့ရက်တွေကလည်းက သူနဲ့ အရမ်းလှပတဲ့ ဆက်ဆံရေး ရှိခဲ့တယ်။ ဒါပေမဲ့ စီးရီးစီမှာ ကျွန်တော်တို့အတွက် ကစားလာမှာ မဟုတ်ပါဘူး"လို့ ဆိုသွားပါတယ်။

image