ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၌ပြုလုပ်သည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ သစ်ပင်ပေါင်း(၁,၃၇၄) ပင်စိုက်ပျိုး

မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအ သင်းချုပ်နှင့် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္က သိုလ်တို့ပူးပေါင်း၍ "မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်" ကို ယနေ့ ဇွန် ၂၁ ရက်နံနက် ၈ နာရီခွဲက ရန်ကုန်အ နောက်ပိုင်းနည်းပညာတက္ကသိုလ်၌ပြုလုပ်ခဲ့ကြသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် မန်ဂျန်ရှား (၁၀၀)ပင်၊ ပျဉ်းမ(၁၅၀)ပင်၊ မယ်ဇယ်(၁၀၀)ပင်၊ မ ဟော်ဂနီ(၂၀၀)ပင်၊ ကျွန်း(၂၀၀)ပင်၊ ကံ့ကော်(၂၀၀) ပင်၊ ထိုင်ဝမ်ဗေဒါ(၁၇၄)ပင်၊ ခရေ(၁၀၀)ပင်နှင့် စိန်ပန်း (၁၅၀)ပင်(စုစုပေါင်း (၁,၃၇၄)ပင်)ကိုစိုက်ပျိုးခဲ့ကြသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်း​ဒေသကြီးလွှတ်​တော်ဥက္ကဋ္ဌဦး​ဌေး​အောင်နှင့် တာဝန်ရှိသူများတက်ရောက်၍ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင် ရာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ပါမောက္ခချုပ်၊ ကျောင်းသား/သူများနှင့်အတူ သစ်ပင်များကိုစိုက်ပျိုးပေးခဲ့ကြသည်။

image