ရန်ကုန်-ပုသိမ်ကားလမ်း၌ ယာဥ်တိုက်မှုဖြစ်ပြီး (၁)ဦး‌ေ-သဆုံး၊ (၂)ဦးဒ-ဏ်ရာရခဲ့

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ်သွားကားလမ်းတွင် ဇွန် ၁၇ ရက်ည ၇ နာရီ ၂၀ မိနစ်ခန့်က ယာဥ်တိုက်မှုဖြစ်ပွားရာမှ လူ‌ေ-သဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ်သွားကားလမ်း၏ မိုင်တိုင်အမှတ် ၂၉/၀ နှင့် ၂၉/၁ ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားရာမှ အမျိုးသား(၁)ဦးသေဆုံးကာ အမျိုးသား ၊ အမျိုးသမီး(၂)ဦးတို့တွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရသူ(၂)ဦးအား လူငယ်ရိပ်မွန် လူမှုကယ်ဆယ်ရေးအသင်းက ဆားမလောက်တောင် သူလယ်သမားဆေးရုံ၊ ‌ေ-သဆုံးသူ၏ရုပ်အလောင်းအား ဆားမလောက်ကျေးရွာမှနိဗ္ဗာန်ယာဉ်ဖြင့် ညောင်တုန်းမြို့နယ်ပြည်သူ့ဆေးရုံတို့သို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

image