တောင်ကိုရီးယားမီဒီယာများကို ဆန်ဟောင်မင်းနှင့် တောင်ကိုရီးယားစတားများ သပိတ်မှောက်လာ
=====================

ဆန်ဟောင်မင်းနှင့် တောင်ကိုရီးယားစတားများဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် တောင်ကိုရီးယားမီဒီယာများအား တွေ့ဆုံအင်တာဗျူးမှု မပြုလုပ်ဘဲ သပိတ်မှောက်မှု ပြုလုပ်လာကြပါတယ်။
တောင်ကိုရီးယားအသင်းခေါင်းဆောင်ဟာ ချက်အား နောက်က လိုက်ကစားကာ အနိုင်ရတဲ့ပွဲတွင် ဒုတိယပိုင်းတွင် လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။
ယင်းပွဲအပြီးမှာတော့ ဆန်ဟောင်မင်းအပါအဝင် တောင်ကိုရီးယားစတားတို့ဟာ ဖီဖာရဲ့ စည်းမျဉ်းကို ချိုးဖောက်ကာ ကိုရီးယားမီဒီယာနှင့်မျှ တွေ့ဆုံခြင်း မပြုလုပ်ဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။
LAFC တွင် ကစားနေတဲ့ ဆန်ဟောင်မင်းဟာ ကိုရီးယားဂျာနယ်လစ်များက တောင်ကိုရီးယားအသင်းခေါင်းဆောင်ရဲ့ စစ်တပ်တွင် မဖြစ်မနေ တာဝန်ထမ်းဆောင်ရမဲ့ အရေးအား ရှောင်လွဲခဲ့မှုအပေါ် ဝေဖန်အပြစ်တင်ထားတဲ့ အသံဖိုင် ပေါက်ကြားလာပြီးနောက် မီဒီယာများနှင့် တွေ့ဆုံမှုမပြုလုပ်ဘဲ သပိတ်မှောက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ကိုရီးယားစည်းမျဉ်းအရ နိုင်ငံသားတိုင်း ၂၁ လကြာ စစ်တပ်တွင် တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပေမဲ့လည်း ဆန်ဟောင်မင်းဟာ ၂၀၁၈ အာရှဖလား ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပြီးနောက် ၂၁ ရက်သို့ လျှော့ချခြင်းခံခဲ့ရပါတယ်။
ဒါ့အပြင် ဂျာနယ်လစ်များရဲ့မှတ်ချက်များတွင် အခြားကစားသမားများနှင့်ပတ်သက်ပြီးတော့လည်း ပါဝင်ရာ တောင်ကိုရီးယားတစ်သင်းလုံး ဒေါသထွက်ခဲ့ကြပါတယ်။
အထက်ပါ အဖြစ်အပျက်ကြောင့် တောင်ကိုရီးယားဂျာနယ်လစ်များကို ဦးဆောင်လာသူများက မက္ကဆီကိုရှိ တောင်ကိုရီးယားလေ့ကျင့်ရေးစခန်းသို့ လာရောက်ကာ အသက် ၃၃ နှစ်ရှိ ဆန်ဟောင်မင်းအား လူချင်းတွေ့ကာ တောင်းပန်မှု ပြုလုပ်ခဲ့ရကြောင်းလည်း သိရပါတယ်။
သို့ရာတွင် တောင်ကိုရီးယားကစားသမားအချို့တို့ကတော့ ဒေါသထွက်နေကြဆဲ ဖြစ်ပြီး လာမဲ့ ပွဲများတွင် ဂျာနယ်လစ်များကို သပိတ်မှောက်မှု ဆက်ပြုလုပ်/မလုပ် ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။

image