ဘရိုက်တန်နောက်ခံလူဗန်ဟက်ကီကို ပေါင် ၅၂ သန်းဖြင့် ခေါ်ယူရန် စပါးစ် သဘောတူညီမှု ရရှိ
===================
စပါးစ်ဟာ ဒတ်ချ်နောက်ခံလူဂျန်ပေါလ်ဗန်ဟက်ကီကို ပေါင် ၅၂ သန်းဖြင့် ခေါ်ယူရန် ဘရိုက်တန်နှင့် သဘောတူညီမှု ရရှိလာပြီ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်ရှိ ဗဟိုနောက်ခံလူဟာ တနင်္ဂနွေနေ့တုန်းက ဂျပန်နှင့် ၂ ဂိုးစီသရေကျတဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲတွင် နယ်သာလန်ခံစစ်တွင် ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။
ဟက်ကီဟာ ဘရိုက်တန်နှင့် တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့သူ ဖြစ်ပြီး စာချုပ်သက်တမ်းတိုးလိုခဲ့ခြင်း မရှိပါဘူး။
ဘရိုက်တန်ဟာ ၂၀၂၀ ခုနှစ်တုန်းက ဘရီဒါမှ ပြောင်းလာတဲ့ ဟက်ကီအတွက် စပါးစ်ရဲ့ ကနဦး ကမ်းလှမ်းမှုကို ပယ်ချခဲ့ပေမဲ့လည်း ယခု ဒုတိယအကြိမ် ပေါင် ၅၂ သန်းဖြင့် ကမ်းလှမ်းလာချိန်မှာတော့ လက်ခံလာပါတယ်။
စပါးစ်နည်းပြရောဘတ်တိုဒီဇာဘီဟာ ဘရိုက်တန်တွင် တာဝန်ထမ်းဆောင်စဉ်တုန်းက လက်တွဲခဲ့ဖူးတဲ့ ဟက်ကီနှင့် စပါးစ်တွင် ပြန်လည်လက်တွဲလာရတော့မှာလည်း ဖြစ်ပါတယ်။
ဘရိုက်တန်ဟာ ဟက်ကီရဲ့ စပါးစ်သို့ အရောင်းစာချုပ်အတွင်းတွင် စပါးစ်ဘက်က ထပ်ဆင့် ရောင်းချလာပါက အမြတ်ရဲ့ရာခိုင်နှုန်းအချို့အား အကျိုးခံစားခွင့် ရရှိမယ့်အချက်ကိုလည်း ထည့်သွင်းချုပ်ဆိုလာပါမယ်။
ဗန်ဟက်ကီဟာ ဘရိုက်တန်အတွက် ၁၃၁ ပွဲကစားထားသူ ဖြစ်ပြီး ပြီးခဲတဲ့့ရာသီတုန်းက ပရီးမီးယားလိဂ်ပွဲ ၃၆ ပွဲ ပွဲထွက်ကစားခဲ့ကာ ဥရောပဝင်ခွင့်ရရှိအောင် ကူညီပေးခဲ့သူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်တွင် အဆင့် ၁၇ နေရာမှာသာ ရပ်တည်ခဲ့တဲ့ စပါးစ်ဟာ လီဗာပူးမှ အင်ဒီရောဘတ်ဆင်၊ ဘုန်းမောက်မှ အာဂျင်တီးနားဗဟိုနောက်ခံလူမားကို့စ်ဆန်နီစီတို့ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူကာ ခံစစ်ကို အားဖြည့်ထားပြီး ဖြစ်ပါတယ်။