ဗီဇာလျှောက်ထားမှုတွင် လိမ်ညာဖြေဆိုမှုကြောင့် ကနေဒါပြည်ဝင်ခွင့်ပိတ်ပင်ခြင်းခံခဲ့ရတဲ့ သောမတ်စ်ပါတေး
=====================

သေမာတ်စ်ပါတေးဟာ ဂါနာရဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲမတိုင်မီ ယာယီဗီဇာရရှိရေး ကနေဒါပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရာမှာ လိမ်ညာခဲ့ကြောင်း တရားရုံး ကြားနာမှုအရ သိရပါတယ်။
အာဆင်နယ်စတားဟောင်းဟာ ကနေဒါဗီဇာအတွက် လျှောက်ထားစဉ် ရာဇဝတ်မှုဖြင့် စွဲချက်တင်ခြင်းခံရဖူးခြင်း မရှိကြောင်း လိမ်ညာဖြေဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ တကယ်တမ်းတွင် အသက် ၃၃ နှစ်ရှိ ဗီလာရီးရဲလ်ကွင်းလယ်ကစားသမားဟာ ဗလက္ကာယမှု ၇ မှု၊ လိင်အကြမ်းဖက်မှု ၁ မှုတို့ဖြင့် အမှုရင်ဆိုင်နေရတာပါ။
သူဟာ သူ့အပေါ် စွပ်စွဲမှုအားလုံးတွင် အပြစ်မရှိကြောင်း ဆိုထားပါတယ်။
အလယ်တန်းကစားသမားဟာ ဇွန်လ ၁၈ ရက်နေ့ ပနားမားနှင့်ပွဲအတွက် ကနေဒါပြည်ဝင်ခွင့် လျှောက်ထားလာချိန်မှာတော့ အာဏာပိုင်တွေရဲ့ ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။
ဂါနာဘောလုံးအဖွဲ့ချုပ်က ပါတေးပြည်ဝင်ခွင့် ရရှိရေး အယူခံဝင်ခဲ့ပေမဲ့လည်း ပြည်နယ်တရားသူကြီတစ်ဦးက အော့တဝါတင် ကြားနာစစ်ဆေးမှု ပြုလုပ်ရာတွင် ပယ်ချလာပါတယ်။
တရားသူကြီးက မေလ ၂၁ ရက်နေ့တုန်းက ပါတေးရဲ့ ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားမှုတွင် ဘောလုံးသမားက မည်သည့်ရာဇဝတ်မှုနှင့်မျှ ဖမ်းဆီးခံရခြင်း (သို့မဟုတ်) စွဲချက်တင်ခြင်းခံရဖူးခြင်း မရှိကြောင်း လိမ်ညာဖြေကြားခဲ့တယ်လို့ ဆိုကာ အယူခံကို ပယ်ချခဲ့တာလည်း ဖြစ်ပါတယ်။
ပါတေးဟာ ဗြိတိန်တွင် ရင်ဆိုင်နေရတဲ့ အမှုများကြောင့် ကနေဒါပြည်ဝင်ခွင့် ငြင်းဆိုခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
တဖက်တွင် အမေရိကန်အာဏာပိုင်များကတော့ ပါတေးအား ပြည်ဝင်ခွင့် ဗီဇာပေးထားပါတယ်။
သူဟာ တိုရွန်တိုရှိ ကစားဖော်များနှင့် ပူးပေါင်းကာ ပနားမားနှင့်ပွဲတွင် ပါဝင်ကစားရေး မျှော်လင့်ခဲ့ပေမဲ့လည်း ယခုအခါ အယူခံကို ပယ်ချလာမှုနှင့်အတူ လွဲချော်လာတော့မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ပါတေးဟာ ဇွန်လ ၂၃ ရက်နေ့ ဘော်စတွန်တွင် အင်္ဂလန်နှင့် ရင်ဆိုင် ကစားရမယ့် ကမ္ဘာ့ဖလားအုပ်စုဒုတိယပွဲစဉ်မှာတော့ ပါဝင်ကစားလာနိုင်ပါမယ်။

image