ပရိသတ် ၁၃၀၀၀ တို့အား ကမ္ဘာ့ဖလားပွဲကြည့်ခွင့်ပိတ်ပင်ရန် အမေရိကန်အစိုးရကို အာဂျင်တီးနားတောင်းဆိုထား
=====================

အာဂျင်တီးနားအစိုးရဟာ လက်ရှိ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ အာဂျင်တီးနားပရိသတ် ၁၃၀၀၀ တို့အား လာရောက်ကြည့်ခွင့် ပိတ်ပင်ရန် အမေရိကန်အစိုးရကို တောင်းဆိုထားပါတယ်။
အာဂျင်တီးနားဟာ လက်ရှိ ချန်ပီယံဖြစ်ပြီး ကမ္ဘာ့ဖလားချန်ပီယံဖြစ်ရန် ရေပန်းစားနေတဲ့အသင်းများထဲမှ တစ်သင်းလည်း ဖြစ်ပါတယ်။
လီယွန်နယ်စကာလိုနီဦးဆောင်တဲ့ အာဂျင်တီးနားဟာ ဗုဒ္ဓဟူးနေ့တွင် ကန်ဆက်စ်စီးတီးတွင် ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲအဖြစ် အယ်ဂျီးရီးယားနှင့် ရင်ဆိုင်ကစားရမှာ ဖြစ်သလို ဩစတြီးယား၊ ဂျော်ဒန်တို့နှင့်လည်း ရင်ဆိုင်ကစားရပါမယ်။
ယခု ကမ္ဘာ့ဖလားတွင် အာဂျင်တီးနားကို တစ်ကမ္ဘာလုံးကို စောင့်ကြည့်လာကြမှာ ဖြစ်ပေမဲ့ အာဂျင်တီးနားအစိုးရကတော့ ပရိသတ်အမြောက်အမြားတို့အား အမေရိကန်သို့ သွားရောက် အားပေးစေလိုခြင်း မရှိပါဘူး။
စပိန်သတင်းစာ AS ရဲ့ ဖော်ပြလာမှုအရ အာဂျင်တီးနားအစိုးရဟာ သားသမီးများအတွက် ထောက်ပံ့စရိတ်ပေးရန် ပျက်ကွက်နေတဲ့ မိဘ ၁၃၀၀၀ တို့အား ပြည်ဝင်ခွင့်မပေးရန် အမေရိကန်အစိုးရကို တောင်းဆိုထားကြောင်း သိရပါတယ်။
အာဂျင်တီးနားအစိုးရက သားသမီးကို ထောက်ပံ့ရန် ပျက်ကွက်တဲ့ မိဘများအနေဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားကို သွားရောက် ကြည့်ရှုခွင့်မရသင့်ဘူးလို့ ယုံကြည်ကာ ယခုကဲ့သို့ အမေရိကန်အစိုးရထံ တောင်းဆိုထားတာပါ။
အာဂျင်တီးနားနိုင်ငံတွင် သားသမီးစရိတ်ထောက်ပံ့ရန် ပျက်ကွက်မှုအား လူထုဥပဒေ၊ ရာဇသတ်ကြီး ဥပဒေတို့ဖြင့် ပြဌာန်းကျင့်သုံးနေတဲ့နိုင်ငံ ဖြစ်ပါတယ်။
သားသမီးစရိတ်ထောက်ပံ့ရန် တမင်ပျက်ကွက်တဲ့ မိဘအား ထောင်ဒဏ် ၁ နှစ် (သို့မဟုတ်) ငွေဒဏ်ချမှတ်နိုင်သလို နိုင်ငံကူးလက်မှတ်နှင့် ယာဉ်မောင်းလိုင်စင် အသစ်လျှောက်ထားမှု ကန့်သတ်ခြင်း၊ ဘဏ်ချေးငွေနှင့် အကြွေးကတ်လျှောက်ထားမှု ကန့်သတ်ခြင်းတို့ ပြုလုပ်တဲ့အပြင် အစိုးရဝန်ထမ်းဖြစ်ခွင့်မရှိပါဘူး။
ဒါ့အပြင် ထူးဆန်းတာကတော့ နိုင်ငံခြားထွက်ခွာခွင့်ပိတ်ထားသလို အားကစားပွဲများအား ဝင်ကြည့်ခွင့်လည်း ပိတ်ပင်ထားပါတယ်။

image