နယ်သာလန်နှင့် သရေကျတဲ့ပွဲအပြီး အမှိုက်ကောက်ကာ ကွင်းသန့်ရှင်းရေးလုပ်ဆောင်မှုအတွက် ဂျပန်ပရိသတ်များ ထပ်မံ ချီးကျူးခြင်းခံနေရ
=====================

ဂျပန်အသင်းပရိသတ်များဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အဖြစ် နယ်သာလန်နှင့် သရေကျတဲ့ပွဲစဉ်အပြီးတွင် အမှိုက်ကောက်ကာ ကွင်းသန့်ရှင်းရေး လုပ်ဆောင်မှုနှင့်အတူ ကမ္ဘာ့အကောင်းဆုံးပရိသတ်များအဖြစ် ထပ်မံ ချီးကျူးခြင်းခံနေရပြန်ပါတယ်။
ဂျပန်အသင်းဟာ ယနေ့အစောပိုင်းတုန်းက အဖွင့်ပွဲစဉ်တွင် ဒိုင်ချီကာမာဒါရဲ့ ၈၉ မိနစ် ခေါင်းတိုက်ဂိုးကြောင့် နယ်သာလန်နှင့် ၂ ဂိုးစီသရေကျခဲ့ပါတယ်။
ဂျပန်ဟာ ဗာဂယ်ဗန်ဒိုက်၊ ဆမ်းမားဗီးလ်တို့ရဲ့ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ခြင်းခံခဲ့ရပေမဲ့ နောက်ကလိုက်ကစားကာ အဖိုးတန်ရမှတ်တစ်မှတ် ရယူနိုင်ခဲ့ပါတယ်။
ပွဲအပြီးတွင် ဂျပန်ပရိသတ်များဟာ အဖိုးတန်ရမှတ်အတွက် အပျော်လွန်နေခြင်း မရှိဘဲ အသင့်ယူဆောင်လာတဲ့ အပြာရောင်အမှိုက်အိတ်ထဲသို့ ပွဲကြည့်စင်မှ အမှိုက်များကို ထည့်ကာ ကွင်းသန့်ရှင်းရေး ပြုလုပ်ပေးခဲ့ကြပါတယ်။
ဂျပန်ပရိသတ်များဟာ ၂၀၁၈ ရုရှားကမ္ယာ့ဖလားနှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း ပွဲပြီးဆုံးချိန်တွင် ကွင်းသန့်ရှင်းရေး လုပ်ဆောင်ခဲ့ဖူးကြဖူးကာ ယခု ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ချစ်စရာကောင်းတဲ့လုပ်ရပ်ကို ဆက်လက် လုပ်ဆောင်လာကြတာလည်း ဖြစ်ပါတယ်။

image