စာရွက်စာတမ်းပြဿနာကြောင့် ယနေ့ည ကမ္ဘာ့ဖလားအဖွင့်ပွဲအတွက် အမေရိကန်ပြည်ဝင်ခွင့်တားဆီးခံခဲ့ရတဲ့ ဥရုဂွေးအသင်း
===================
ဥရုဂွေးအသင်းဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အတွက် အမေရိကန်ပြည်ဝင်ခွင့် မရမှုနှင့်အတူ ခရီးစဉ် နှောင့်နှေးမှု ဖြစ်ခဲ့ပါတယ်။
တောင်အမေရိကထိပ်သီးဟာ ယနေ့ညတွင် ဆော်ဒီနှင့် ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ် ကစားရပါမယ်။
ဒါပေမဲ့ ဥရုဂွေးအသင်းဟာ စာရွက်စာတမ်းပြဿနာများကြောင့် အမေရိကန်ပြည်ဝင်ခွင့် ရရှိရေး ခက်ခဲခဲ့ပါတယ်။
ဥရုဂွေးဟာ မက္ကဆီကိုနိုင်ငံ၊ ကင်ကန်မှ ဖလိုရီဒါသို့ ထွက်ခွာမှာ ဖြစ်ပေမဲ့လည်း စာရွက်စာတမ်းပြဿနာကြောင့် လေယာဉ်မှာ အမေရိကန်တွင် ဆင်းသက်ခွင့် မရခဲ့ပါဘူး။
ဒါကြောင့်လည်း ဥရုဂွေးအသင်းသားတို့ဟာ ပြဿနာပြေလည်တဲ့အထိ ကင်ကန်နိုင်ငံတကာလေဆိပ်နှင့် ၄၅ မိနစ်ခရီးအကွာရှိ အသင်းအခြေစိုက်ရာ Mayakoba Complex တွင်ပင် ဆက်လက် စောင့်ဆိုင်းခဲ့ရပါတယ်။
ဖီဖာက လေကြောင်းလိုင်းခွင့်ပြုချက်အမှားကြောင့် ဥရေုဂွေးရဲ့ ထွက်ခွာချိန် နှောင့်နှေးခဲ့ကြောင်း၊ လေကြောင်းလိုင်းဘက်ကလည်း တောင်းပန်ခဲ့ကြောင်း ဆိုထားပါတယ်။
ဥရုဂွေးအသင်းဟာ ဖလိုရီဒါသို့ အသင်းကို ခေါ်ဆောင်မဲ့ ဒုတိယလေယာဉ်တစ်စီးအား အစားထိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။