Ayeyawady FC Women အသင်း၏ Official Co-Sponsor အဖြစ် ရန်ကုန်တိုင်း GYCT သယ်ယူပို့ဆောင်ရေးလုပ်ငန်းတို့ တရားဝင် လက်တွဲ
ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု Ayeyawady FC Women အမျိုးသမီးဘောလုံးအသင်းနှင့် ရန်ကုန်မြို့၏ အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ် ငန်းတစ်ခုဖြစ်သော Golden Yangon City Transportation (GYCT) တို့သည် အသင်း၏ ရှေ့ဆက်မည့် ပြိုင်ပွဲခရီးစဉ်များအတွက် Official Co-Sponsor အဖြစ် ယနေ့တွင် တရားဝင် လက်တွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ GYCT လုပ်ငန်းသည် လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘတ်စ်ကားလိုင်း (၁၃) လိုင်း၊ အပြည့်အဝပြေးဆွဲနေသော ဘတ်စ်ကားအစီးရေ (၄၉၁) စီးဖြင့် ဘတ်စ်ကားမှတ်တိုင်ပေါင်း (၆၈၅) တိုင်ကို လွှမ်းခြုံပြေးဆွဲပေးနေခြင်းဖြစ်သည်။
နေ့စဉ် ခရီးသည်ဦးရေ (၁၅၀,၀၀၀) နီးပါးကို ဘေးကင်းစိတ်ချစွာ သယ်ယူပို့ဆောင်ပေးလျက်ရှိပြီး ရန်ကုန်မြို့ပြဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် အဓိကပါဝင်နေသည့် လုပ်ငန်းကြီးတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
ယခုကဲ့သို့ စနစ်ကျပြီး လူထုဝန်ဆောင်မှုကို အလေးထားသည့် GYCT ကဲ့သို့ အဖွဲ့အစည်းကြီးတစ်ခုနှင့် လက်တွဲခွင့်ရရှိခြင်းသည် Ayeyawady FC Women အသင်း၏ ရှေ့ဆက်မည့် ပြိုင်ပွဲခရီးစဉ်များနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များအတွက် များစွာခွန်အားဖြစ်စေကြောင်း အသင်းကဆုမွန်ကောင်းတောင်းထားသည်။
Ayeyawady FC Women အသင်းက အသင်းအပေါ် အပြည့်အဝယုံကြည်ကာ ပံ့ပိုးပေးသည့် GYCT ကို အသင်းစီမံခန့်ခွဲမှုအဖွဲ့၊ ကစားသမားများနှင့် အသင်းသားအားလုံးကိုယ်စား အထူးကျေးဇူးတင်ရှိကြောင်းနှင့် အတူတကွ လက်တွဲ၍ အ ကောင်းဆုံးသော အောင်ပွဲရလဒ်များကို ဆက်လက်ဖန်တီးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။