လာအိုနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ရောက်ရှိလာ

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေ၏ဖိတ်ကြားချက်အရ လာအိုနိုင်ငံ၊ ဒု-ဝန် ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဇွန် ၁၁ ရက်နံနက်ပိုင်းက နေပြည်တော်သို့ရောက်ရှိလာခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထံမှ သိရသည်။
နေပြည်တော်လေဆိပ်သို့ရောက်ရှိလာသော လာအိုနိုင်ငံ၊ ဒု-ဝန် ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအား နိုင်ငံ ခြားရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီး ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများကကြိုဆိုခဲ့ကြကြောင်း သိရသည်။
လာအိုနိုင်ငံ၊ ဒု-ဝန် ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ယနေ့ ဇွန် ၁၁ ရက်မှ ဇွန် ၁၃ ရက်အထိ တရားဝင်ခရီးစဥ်လာရောက်ခြင်းဖြစ်ကြောင်း သိရသည်။

image