ရန်ကုန်မြို့တွင်ကျင်းပသည့် ရုရှားနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲကို ဒု-သမ္မတဒေါ်နန်းနီနီအေးတက်ရောက်
ရုရှားနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲကို ယနေ့ ဇွန် ၁၁ ရက်ညပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးကကြီးမှူး၍ ရန်ကုန်မြို့၌ကျင်းပရာ ဒု-သမ္မ တဒေါ်နန်းနီနီအေးတက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို မြန်မာနိုင်ငံတော်နှင့် ရုရှားနိုင်ငံတို့၏ နိုင်ငံတော်သီချင်းများဖြင့်ဖွင့်လှစ်ပြီး ရုရှားနိုင်ငံ သံရုံးယာယီတာဝန်ခံက နှုတ်ခွန်းဆက်စကားပြောကြားပြီးနောက် ရုရှားနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ သိပ္ပံ ပညာဆိုင်ရာအောင်မြင်မှုများ၊ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုနှင့် နိုင်ငံတကာရေးရာအခန်းကဏ္ဍမှတ်တမ်း ဗီဒီယိုကိုပြသခဲ့ကြောင်း သိရသည်။
ထို့နောက် ဒု-သမ္မတဒေါ်နန်းနီနီအေးနှင့် တက်ရောက် လာကြသူများက ညစာသုံးဆောင်ရာ ရုရှားနိုင်ငံ၏ ယဉ်ကျေးမှုအဖွဲ့များက ရိုးရာယဉ်ကျေးမှုအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။