စစ်ပွဲကို ပုံဖော်ထားတဲ့ ဝတ်စုံကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ရန် ရက်ပိုင်းအလိုတွင် ဝတ်စုံဒီဇိုင်း အပြောင်းအလဲ ပြုလုပ်လာရတဲ့ ဟေတီအသင်း
=====================

ဟေတီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ရန် ရက်အနည်းငယ်သာလိုတော့တဲ့အချိန်တွင် ဖီဖာရဲ့စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီနေခြင်း မရှိမှုကြောင့် အင်္ကျီဒီဇိုင်း အပြောင်းအလဲ ပြုလုပ်လာရပါတယ်။
ဟေတီအသင်းရဲ့ ဝတ်စုံတွင် လွတ်လပ်ရေးယူနိုင်ခဲ့တဲ့ ၁၈၀၃ ခုနှစ် Battle of Vertieres တိုက်ပွဲပုံရပ်ကို ထည့်သွင်းထားတာ ဖြစ်ပြီး ကမ္ဘာ့ဖလားအကြိုခြေစမ်းပွဲများတွင် ဝတ်ဆင်ခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ ဖီဖာရဲ့ စည်းမျဉ်းအရ နိုင်ငံရေး၊ ဘာသာရေး၊ ကိုယ်ရေးကိုယ်တာမက်ဆေ့ချ် သို့မဟုတ် ဆောင်ပုဒ်တို့အား ထည့်သွင်းခွင့် မရှိပါဘူး။
ဒါကြောင့်လည်း ဟေတီအတွက် ဝတ်စုံထုတ်လုပ်ပေးတဲ့ ကိုလံဘီယာဝတ်စုံကုမ္ပဏီ Saeta ဟာ ဝတ်စုံကို အပြောင်းအလဲ ပြုလုပ်ပေးခဲ့ရပါတယ်။
Saeta ကမူ ဟေတီရဲ့ အနာဂတ်အတွက် စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ အမျိုးသားနှင့် အမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် ယင်းဝတ်စုံဒီဇိုင်းအား ဖန်တီးထားတာလို့ ဆိုထားပါတယ်။
၅၂ နှစ်အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လာတဲ့ ဟေတီဟာ လာမဲ့ စနေနေ့တွင် ဘော်စတွန်ကွင်းမှာ စကော့တလန်နှင့် အုပ်စုအဖွင့်ပွဲကစားရပါမယ်။
ကာရေဘီယံနိုင်ငံဟာ ကမ္ဘာ့ဖလား ၅ ကြိမ် ချန်ပီယံ ခရိုအေးရှား၊ မော်ရိုကိုတို့နှင့်လည်း ရင်ဆိုင်ကစားရပါမယ်။

image