ဧရာ၀တီတိုင်းအတွင်း နေရောင်ခြည်စွမ်းအင်သုံး ၃၀ မဂ္ဂါဝပ် လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းအကောင်အထည်ဖော်ရန် MoU လက်မှတ်ရေးထိုး
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်စက်မှုစီမံကိန်းရုံးတွင် Helio Power Energy Co.,Ltd ၏ နေရောင်ခြည်စွမ်းအင်သုံး ၃၀ မဂ္ဂါဝပ် လျှပ်စစ်ဓါတ်အားပေးစက်ရုံစီမံကိန်းနှင့် မိတ်ဖက်ကုမ္ပဏီများ အကြား နားလည်မှုစာချွှန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့သည်။
အဆိုပါ စီမံကိန်းတွင် စုစုပေါင်း မဂ္ဂါဝပ် ၉၀ ထိ ထုတ်လုပ်မည့်စီမံကိန်းဖြစ်ပြီး ပထမဆင့် ၃၀ မဂ္ဂါဝပ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းမှ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှုနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိူးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေမည်ဖြစ်သည်။
စီမံကိန်းကို Helio Power Energy ကုမ္ပဏီနှင့် မိတ်ဖက်ကုမ္ပဏီများက ဆောင်ရွက်သွားမည် ဖြစ်သည်။