ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (SSBU) တည်ထောင်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ညီလာခံများ ကျင်းပမည်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (Shan State Buddhist University - SSBU) တည်ထောင်ခြင်း (၁၀) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၂၀၂၆ ခုနှစ်နှင့် ၂၀၂၇ ခုနှစ်များအတွင်း ဗုဒ္ဓဘာသာဆိုင်ရာ ရာပြည့်လာစာတမ်းဖတ်ပွဲများနှင့် ဘာသာရေးအခမ်းအနားများကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆယ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်မည့် ဗုဒ္ဓဘာသာဆိုင်ရာ အခမ်းအနား အစီအစဉ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

၂၀၂၆ ဇူလိုင်လ (၃၊ ၄၊ ၅) ရက်တွင် ဝိသုံဂါမသိမ်တော်ရေစက်ချပွဲနှင့်အတူ ကျောင်းသားဟောင်းများ တွေ့ဆုံပွဲနှင့် ဗုဒ္ဓစာပေမဟာဗျူဟာဆိုင်ရာ ညီလာခံစာတမ်းဖတ်ပွဲ။

၂၀၂၆ ဇူလိုင်လ (၁၁၊ ၁၂) ရက်တွင် ကထိကဆရာတော်များ လေးထပ်ကျောင်းဆောင်ရေစက်ချပွဲနှင့်အတူ One-day MPhil students seminar။

၂၀၂၆ နိုဝင်ဘာလ (၁၉၊ ၂၀၊ ၂၁) ရက်တွင်အောက်စဖို့ဒ်ဆရာတော်၏ သက်တော် (၆၂) နှစ်ပြည့် မွေးနေ့ဝိဇာတမင်္ဂလာ၊ ကထိန်အလှူနှင့်အတူ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓစာပေညီလာခံစာတမ်းဖတ်ပွဲ။

၂၀၂၇ ဖေဖော်ဝါရီလ (၅၊ ၆၊ ၇) ရက်တွင် KBZ ဘွဲ့နှင်းသဘင်နှင့် သံဃာ့ရုံခန်းများအဆောက်အအုံ ရေစက်ချပွဲနှင့်အတူ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်နှင့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓစာပေညီလာခံစာတမ်းဖတ်ပွဲ။

(မှတ်ချက်။ ။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကျင်းပခဲ့သည့် ရှမ်းပုရပိုပ်ဗုဒ္ဓစာပေဆိုင်ရာ စာတမ်းဖတ်ပွဲမှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။)

ဓမ္မဒါန ပါဝင်လှူဒါန်းနိုင်မည့် အထိမ်းအမှတ် အလှူတော်ပစ္စည်းများ

အဆိုပါ အထိမ်းအမှတ် အခမ်းအနားများသို့ ကြွရောက်လာကြမည့် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များနှင့် ဧည့်ပရိသတ်အပေါင်းတို့ကို မေတ္တာလက်ဆောင် ပေးအပ်လှူဒါန်းနိုင်ရန်နှင့် တက္ကသိုလ်၏ မတည်ရန်ပုံငွေအတွက် မိဘပြည်သူများအနေဖြင့် အောက်ပါအထိမ်းအမှတ်ပစ္စည်းများကို ဓမ္မဒါနအဖြစ် ပါဝင်လှူဒါန်းနိုင်ပါသည်။

၁။ (၁၀)နှစ်ပြည့် အထိမ်းအမှတ် လွယ်အိတ်: တစ်လုံးလျှင် ၃၀,၀၀၀ ကျပ် (ဆရာတော်များနှင့် ဧည့်ပရိသတ်များ စာအုပ်စာတမ်းနှင့် အသုံးအဆောင်များ ထည့်သွင်းသယ်ဆောင်နိုင်ရန်)

၂။ (၁၀)နှစ်ပြည့် အထိမ်းအမှတ် ထီး: တစ်လက်လျှင် ၂၀,၀၀၀ ကျပ် (နွေ၊ မိုး၊ ဆောင်း ရာသီဥတုအန္တရာယ်မှ ကာကွယ်ပြီး သွားလာနိုင်ရန်)

အလှူတော်တွင် ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့ ကို နောက်ဆုံးထား၍ လှူဒါန်းရမည်ဖြစ်ပြီး၊ KBZ Pay QR စနစ် သို့မဟုတ် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်း လှူဒါန်းနိုင်ကြောင်း ကြေညာထားသည် ။

Kpay နံပါတ်များ

09779323522 (Daw Htike Ei Ei), 09779351988 (Ni Ni Htwe)
ဒေါက်တာပညာထေရီ (ကထိက) 09-682047611
မခင်ဌေးရီ (ရုံးတာဝန်ခံ)09409727794

image