အခွင့်အာဏာကို အလွဲသုံးစားလုပ်ကာ လိင်အမြတ်ထုတ်ခဲ့တယ်လို့ ဝက်စ်ဟမ်းပူးတွဲပိုင်ရှင် စွပ်စွဲခံနေရ
======================
အမျိုးသမီးအချို့တို့ဟာ ဘီလျှံနာစီးပွားရေးလုပ်ငန်းရှင်နှင့် ဝက်စ်ဟမ်းပူးတွဲပိုင်ရှင် ဒေးဗစ်ဆူလေဗန်အား အခွင့်အာဏာကို အသုံးချကာ လိင်ဆက်ဆံရန် အသုံးချခဲ့တယ်ဆိုပြီး စွပ်စွဲလာပါတယ်။ စွပ်စွဲလာတဲ့ အမျိုးသမားများထဲမှ အချို့က ၎င်းတို့ဟာ ဆက်ကျော်သက်အရွယ်တုန်းက ကြုံခဲ့ရတာဖြစ်ကြောင်း ဆိုထားကြပါတယ်။
BBC Panorama ရဲ့ စုံစမ်းဖော်ထုတ်ထားတဲ့ အစီအစဉ်တွင် အမျိုးသမီး ၇ ဦးတို့က ဒေးဗစ်ဆူလေဗန်အား စွပ်စွဲထားကြတာ ဖြစ်ပါတယ်။ ယင်းအမျိုးသမီးတို့ဟာ ၁၉၈၀ ခုနှစ်များတုန်းက ဆယ်ကျော်သက်နှောင်းပိုင်း သို့မဟုတ် အသက်နှစ်ဆယ်အစောပိုင်းတို့တွင် ကြုံခဲ့ရတာပါ။ ယင်းအမျိုးသမီးမော်ဒယ်တို့ဟာ ဒေးဗစ်ဆူလေဗန်ပိုင်ဆိုင်တဲ့ Daily and Sunday Sport တွင် အလုပ်လုပ်ခွင့်ရရေးအတွက် လိင်ပိုင်းဆိုင်ရာ အသုံးချခံခဲ့ရတာလည်း ဖြစ်ပါတယ်။
၎င်းတို့က ဆူလေဗန်မှာ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲများတွင် ၎င်းနှင့်အတူ အိပ်ခြင်း၊ လိင်ဆက်ဆံခြင်း၊ ပါးစပ်ဖြင့် လိင်ဆက်ဆံပေးခြင်းတို့ ပြုလုပ်ပေးပါက ၎င်းတို့ဘဝ တိုးတက်စေမယ်ဆိုပြီး ဖိအားပေး ခိုင်းစေခဲ့ကြောင်း စွပ်စွဲထားကြပါတယ်။
အသက် ၇၇ နှစ်ရှိ ဒေးဗစ်ဆူလေဗန်ကတော့ အပြာစာအုပ်လောက၊ သတင်းစာနှင့် ဘောလုံးလောကတို့တွင် ကျင်လည်စဉ်အတွင်း ယင်းသို့ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင် ငြင်းဆိုထားကြပါတယ်။
ဒေးဗစ်ဆူလေဗန်ဟာ BBC Panorama နှင့် Times တို့က အထက်ပါစုံစမ်းစစ်ဖော်ထုတ်ရေးသားထားတဲ့ သတင်းကို ဖော်ထုတ်လာမှာဖြစ်လို့ ဝက်စ်ဟမ်းပူးတွဲဥက္ကဌရာထူးမှ နုတ်ထွက်ထားပြီးလည်း ဖြစ်ပါတယ်။
၎င်းက ယင်းစွပ်စွဲမှုများကို တိုက်ပွဲဝင်ကာ တရားရုံးတိုက်ပွဲဝင်သွားမယ်လို့ ဆိုထားပါတယ်။
တဖက်တွင် ဒေးဗစ်ဆူလေဗန်ဟာ ၂၀၀၃ ခုနှစ်တုန်းက အသက် ၄၀ နှစ်ကျော်အရွယ်တွင် အသက် ၁၆ နှစ် သို့မဟုတ် အသက် ၁၇ နှစ် အရွယ်ရှိ အမျိုးသမီးငယ်အား ငွေပေးလိင်ဆက်ဆံခဲ့ကြောင်း ဝန်ခံထားပါသေးတယ်။
ဒေးဗစ်ဆူလေဗန်ဟာ ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်များတုန်းက အမျိုးသမီးများအား မော်ဒယ်လောကသို့ ဝင်ရောက်နိုင်ရေး အခွင့်အလမ်းဖန်တီးပေးမည်ဟုဆိုကာ လိင်အမြတ်ထုတ်ခဲ့ပါတယ်။
စွပ်စွဲထားသူများထဲမှ ဖလောရင့်ဆိုသူက ဆူလေဗန်ရဲ့အိမ်တွင် ပြုလုပ်တဲ့ လုပ်ငန်းတွေ့ဆုံဆွေးနွေးပွဲတစ်ခုတွင် သူနဲ့ လိင်ဆက်ဆံပါက သတင်းစာတွင် ပုံမှန်ဖော်ပြခြင်းခံရရမယ်လို့ မက်လုံးပေးလိင်ဆက်ဆံစေခဲ့ကြောင်း စွပ်စွဲထားပါတယ်။
ထိုစဉ်တုန်းက သူမမှာ အသက် ၂၀ အရွယ်မျှသာ ရှိသေးပြီး ရာသီလာနေတယ်လို့ အကြောင်းပြခဲ့ပေမဲ့ အိပ်ခန်းထဲသို့ အတင်းခေါ်ဆောင်ခြင်းခံရကာ လိင်ဆက်ဆံခံခဲ့ရကြောင်း စွပ်စွဲထားပါတယ်။
အခြားအမျိုးသမီးနှစ်ဦးတို့ကလည်း မော်ဒယ်ဘဝအနာဂတ်တိုးတက်ရေးအတွက် ရွေးချယ်စရာမရှိဘဲ ဆူလေဗန်နှင့် အိပ်ခဲ့ရကြောင်း စွပ်စွဲထားပါတယ်။
ဖလောရင့်ဟာ လက်ရှိအချိန်တွင် BBC Radio 5 Live တွင် အစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ထိုစဉ်တုန်းက Daily and Sunday Sport ရဲ့ တာဝန်ခံအယ်ဒီတာတိုနီလိုက်ဗ်ဆေးရဲ့ စီစဉ်ပေးမှုဖြင့် ဆူလေဗန်ရဲ့ နေအိမ်ကို သွားခဲ့ရကြောင်း ဆိုထားပါတယ်။
သူမဟာ ချစ်သူနှင့်အတူ အက်စ်ဆက်စ်ရှိ ဆူလေဗန်ရဲ့နေအိမ်သို့ သွားခဲ့တာပါ။ ဖလောရင့်ဟာ အဖြစ်အပျက်အတိအကျ အချက်အလက်များကို မမှတ်မိတော့ပေမဲ့လည်း သူမက ဆူလေဗန်ရဲ့ရုံးခန်းသို့ ဝင်သွားချိန်မှာ ချစ်သူက တနေရာရာမှာ စောင့်ကျန်နေရစ်ခဲ့ပါတယ်။
သူမ မှတ်တဲ့အရာတွေက တစ်ခုကတော့ ထိုစဉ်တုန်းက မီးရထားခနှင့် တက္ကဆီဖိုး ၁၄ ပေါင်ကုန်ကျခဲ့တယ်ဆိုတာပါ။
ဒါ့အပြင် သူမဟာနေအိမ်ရဲ့ ကြီးကျယ်ခမ်းနားမှုကို အမှတ်ရသေးသလို ဝတ်ကောင်းစားကောင်းဝတ်ဆင်ထားတဲ့ ဆူလေဗန်ကို အမှတ်ရပါသေးတယ်။
ဆူလေဗန်ဟာ သူမရဲ့ မော်ဒယ်ဘဝပရိုဖိုင်းကို ဖတ်ရှုပြီးနောက် ရေချိုးခိုင်းခဲ့ပါတယ်။ သူမဘက်က ငြင်းလာချိန်မှာတော့ ဆူလေဗန်က အတွင်းခံဘောင်းဘီကိုပါ ချွတ်စေလိုကြောင်း ပွင့်လင်းစွာ ပြောဆိုလာပါတော့တယ်။
ဖလောရင့်က ချစ်သူဖြစ်သူ အပြင်ဘက်တွင် ရှိနေကြောင်း အကြောင်းပြခဲ့ပေမဲ့ ဆူလေဗန်က သူနှင့်သာ လိင်ဆက်ဆံလာမယ်ဆိုရင် သူ့ပိုင် မဂ္ဂဇင်းအားလုံးတွင် ပုံမန်ဖော်ပြခြင်းခံရမယ်လို့ မက်လုံးပေးကာ ဆွဲဆောင်ခဲ့ပါတယ်။
ယင်းနောက်မှာတော့ ဆူလေဗန်ဟာ ဖလောရင့်ကို အိပ်ခန်းထဲ ခေါ်သွားပါတော့တယ်။
ဖလောရင့်က သူမမှာ လိင်ဆက်ဆံလိုခဲ့ခြင်း မရှိကြောင်း၊ သန့်ရှင်းစွာဖြင့် မော်ဒယ်ဘဝကိုသာ ရလိုခဲ့ပေမဲ့ ဆူလေဗန်က လိင်ဆက်ဆံရေး တောင်းဆိုလာသောအခါ အော်ဟစ်ငြင်းဆိုခဲ့သလား၊ တီးတိုးငြင်းဆိုခဲ့သလားဆိုတာကိုတော့ အမှတ်မရတော့ပါဘူး။
ယင်းနောက်မှာတော့ ဆူလေဗန်ဟာ သူမရဲ့ ဘောင်းဘီကို ဆွဲချွတ်ကာ လိင်ဆက်ဆံပါတော့တယ်။
ဆူလေဗန်ဟာ ကျေနပ်အားရမှု ရရှိပြီးတဲ့နောက် "ဂုဏ်ပြုပါတယ်။ မင်းတော့ ငါတို့ Sports ရဲ့ မိန်းကလေးသစ်ဖြစ်လာတော့မယ်။ အလုပ်တွေ အများကြီးလုပ်ရတော့မယ်"လို့ ပြောခဲ့ပါတယ်။
ဖလောရင့်ဟာ ထိုစဉ်တုန်းက ဘာကြောင့် ဆူလေဗန်ရဲ့အတင်းပြုကျင့်မှုကို အတင်း ငြင်းဆန် တိုက်ပွဲမဝင်ခဲ့တာပါလဲ။