2 ပတ် - ဘာသာပြန်ပါ။

ဆွေးနွေးပွဲတွေ ပျ-က်ပြားခဲ့ရင် အီရန်ကို ကွန်မန်ဒိုတပ်ဖွဲ့နဲ့ စီးနင်းတို-က်ခိုက်ဖို့အထိ ထရန့် စဉ်းစားဖို့ အသင့်ရှိနေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဝါရှင်တန်နဲ့ တဟီရန်(အီရန်အစိုးရ) တို့ကြား ဆွေးနွေးနေတဲ့ သဘောတူညီချက်ဟာ "သူ့အကြောင်းပြချက်နဲ့သူ" သာ ပျ-က်ပြားသွားမယ်ဆိုရင် အီရန်နိုင်ငံထဲကို ကွန်မန်ဒိုတပ်ဖွဲ့တွေလွှတ်ပြီး စီးနင်းတို-က်ခိုက်ဖို့အထိ စဉ်းစားသွားမယ်လို့ ပြောကြားလိုက်ပါတယ်။

သူက The Financial Times သတင်းစာကို အခုလို ရှင်းပြခဲ့ပါတယ်။

"ဒီလိုဖြစ်လာရင် အဓိပ္ပာယ်က နှစ်ခုရှိတယ်။ နံပါတ်တစ်ကတော့ ကျွန်တော်တို့ စစ်ရေးအရ မရှင်းရသေးဘဲ ကျန်နေတဲ့နေရာတွေကို စစ်တပ်နဲ့ ဝင်ရောက်ရှင်းလင်းတာမျိုး ဖြစ်နိုင်တယ်။ ဒါမှမဟုတ်ရင်လည်း အီရန်အပေါ် ပိတ်ဆို့ဖြတ်တောက်မှုတွေကို ဆက်ပြီး လုပ်ထားတာမျိုးလည်း ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ဒီပိတ်ဆို့ဖြတ်တေ-ာက်မှုဟာ အဲ့ဒီနိုင်ငံအပေါ် ဘယ်လိုတိုက်ခိုက်မှုမျိုးထက်မဆို ပိုပြီးတော့ ထိရောက်ပြင်းထန်ခဲ့လို့ပဲ"

တစ်ချိန်တည်းမှာပဲ အမေရိကန်သမ္မတဟာ အခုလောလောဆယ် ဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ အီရန်ကြားက တင်းမာမှုတွေကြောင့် အမေရိကန်-အီရန် ဆွေးနွေးပွဲအဆင့်ဆင့်အပေါ် သက်ရောက်မှုရှိလိမ့်မယ်လို့ မထင်ဘူးလို့ဆိုပါတယ်။

"ဒါက အီရန်နဲ့လုပ်မယ့် သဘောတူညီချက်အပေါ် ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ပါဘူး" လို့ သူက ထောက်ပြခဲ့ပြီး "သဘောတူညီချက်ကတော့ ဆက်သွားနေတာပဲလို့ ကျွန်တော်ထင်တယ်။ ဘာဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့" လို့ ထရန့်က ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။

image