ဆလိုဗက်ကီးယားထိပ်သီးကလပ်ကို ကိုင်တွယ်လာမဲ့ ယာယာတိုရေး
================
ဘာစီလိုနာနှင့် မန်စီးတီးကစားသမားဟောင်းယာယာတိုရေးဟာ ဆလိုဗက်ကီးယားထိပ်သီးကလပ် Slovan Bratislava ကို ကိုင်တွယ်ရန် သဘောတူညီမှု ရရှိလာပါတယ်။

ဂန္ထဝင်ကွင်းလယ်ကစားသမားဟာ ရောဘတ်တိုမန်စီနီနှင့် ဂျော်ဂျီယို့စ်ဒိုနစ်တို့ရဲ့ လက်အောက်တွင် ဆော်ဒီလက်ထောက်နည်းပြရာထူးအဖြစ် ဆောင်ရွက်ပြီးနောက် နုတ်ထွက်ကာ Slovan Bratislava ကို ကိုင်တွယ်လာမှာလည်း ဖြစ်ပါတယ်။

တိုရေးဟာ Slovan Bratislava တွင် သူ့ရဲ့ လက်ထောက်နည်းပြအဖြစ် ဆဲလ်တစ်နှင့် ဆွမ်စီးနည်းပြဟောင်းဒါရန်းအိုဒီယာကို ခေါ်ဆောင်လာပါမယ်။

ယာယာတိုရေးဟာ မန်စီးတီးနည်းပြအဖွဲ့မှ ထွက်ခွာလာပြီးနောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ အစ်ကိုဖြစ်သူ ကိုလိုတိုရေးကိုပါ နည်းပြအဖွဲ့တွင် ခန့်အပ်လာမလားဆိုတာ အတိအကျ မသိရသေးပါဘူး။

Slovan Bratislava ဟာ ဆလိုဗက်ကီးယားပထမတန်းလိဂ်ဖလားကို ၈ နှစ်ဆက်တိုက် ရယူထားတဲ့အသင်း ဖြစ်ပြီး လာမဲ့ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲအား ပထမအဆင့်ခြေစစ်ပွဲမှ ဝင်ရောက်ခွင့် ရထားပါတယ်။

တိုရေးဟာ အိုလံပစ်ဒိုးနက်စ်၊ စတန်းဒက်လီဂီတို့တွင် လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသလို စပါးစ်တွင်လည်း အကယ်ဒမီနည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးပါတယ်။

အိုင်ဗရီကို့စ်လက်ရွေးစင်ဟောင်းဟာ ဘာစီလိုနာနှင့်အတူ ၂၀၀၉ ခုနှစ်တုန်းက ဆုဖလား ၃ လုံး ဆွတ်ခူးခဲ့သလို မန်စီးတီးနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၃ ကြိမ် ဆွတ်ခူးခဲ့ဖူးသူ ဖြစ်ပါတယ်။

image