ပွဲ ၂၀ ကစားပြီးနောက် စာချုပ်ဖျက်သိမ်းခြင်းခံလာရတဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်းမာရှယ်
====================
အန်တိုနီမာရှယ်ဟာ တစ်နှစ်ကျန်စာချုပ်အား မွန်တာရေးနှင့် နှစ်ဦးသဘောတူဖျက်သိမ်းလာပြီ ဖြစ်ကြောင်း သိရပါတယ်။

ယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့နှစ် နွေရာသီတုန်းက မက္ကဆီကိုကလပ်သို့ ၂၀၂၇ ခုနှစ်အထိ ၂ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး စာချုပ်အတွင်းတွင် ၁၂ လသက်တမ်းတိုးနိုင်မဲ့အချက်ကိုလည်း ထည့်သွင်းထားပါတယ်။

ဒါပေမဲ့ ယခုအခါမှာတော့ နှစ်ဦးသဘောတူလမ်းခွဲရန် ဆုံးဖြတ်လိုက်ကြပြီ ဖြစ်ပါတယ်။

မာရှယ်ဟာ မွန်တာရေးအတွက် ပွဲ ၂၀ တည်းသာ ကစားခွင့်ရခဲ့ရာမှာ ၁ ဂိုးသွင်းတည်းသ သွင်းနိုင်တဲ့အပြင် ၃ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

သူဟာ မွန်တာရေးတွင် ကစားစဉ်အတွင်း ပုခုံးအဆစ်လွဲ ဒဏ်ရာရရှိခဲ့ကာ ရုန်းကန်ခဲ့ရပါတယ်။

သူ့ရဲ့ မွန်တာရေးအတွက် နောက်ဆုံးကစားတဲ့ပွဲက မတ်လ ၁၈ ရက်နေ့တုန်းက ခရုအဇူလ်အား နှစ်ကျော့ပေါင်းရလဒ် ၄-၃ ဖြင့် ရှုံးနိမ့်တဲ့ ကွန်ကာကပ်ဖ်ချန်ပီယံလိဂ်ဖလား ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ် ဖြစ်ပါတယ်။

မာရှယ်ဟာ ၂၀၂၄ ခုနှစ်တွင် ယူနိုက်တက်မှ ထွက်ခွာပြီးနောက် တတိယမြောက် ကလပ်သစ်အား ရှာလာရပါတော့မယ်။

သူဟာ မက္ကဆီကိုကလပ်သို့ မပြောင်းမီ ဂရိကလပ် အေအီးကေအေသင်သို့ ၃ နှစ်စာချုပ်ဖြင့် ပြောင်းခဲ့ပေမဲ့ တစ်ရာသီတည်းသာ ကစားခဲ့ပြီး ထွက်ခွာခဲ့ရပါတယ်။ သူဟာ ဂရိကလပ်အတွက် ပြိုင်ပွဲအရပ်ရပ် ၂၃ ပွဲကစားခဲ့ရာမှာ ၉ ဂိုးသွင်းပေးခဲ့ပါတယ်။

မာရှယ်ဟာ ၂၀၁၅ ခုနှစ်တုန်းက ဆယ်ကျော်သက်ကစားသမားတစ်ဦးအတွက် အမြင့်မားဆုံး အပြောင်းအရွှေ့အဖြစ် ယူနိုက်တက်သို့ ပေါင် ၃၆ သန်းဖြင့် ပြောင်းရွှေ့ပြီးနောက် မျှော်လင့်ချက်များစွာ ထားခြင်းခံခဲ့ရပါတယ်။

ဒါပေမဲ့ သူဟာ ယူနိုက်တက်အတွက် ပွဲ ၃၁၇ ပွဲကစားခဲ့ရာမှာ ဂိုး ၉၀ တည်းသာ သွင်းနိုင်ခဲ့ပါတယ်။

image