ဒီမိုကရက်တစ်ကွန်ဂိုရဲ့ ခြေစမ်းပွဲစဉ်အား အီဘိုလာကူးစက်ရောဂါကြောင့် ပရိသတ်မပါဘဲ တံခါးပိတ်ကစားသွားမည်
======================
ဒီမိုကရက်တစ်ကွန်ဂိုရဲ့ ချီလီနှင့် ကမ္ဘာ့ဖလားအကြို နောက်ဆုံးခြေစမ်းပွဲအား အီဘိုလာကူးစက်ရောဂါကြောင့် ပရိသတ်မပါဝင်ဘဲ တံခါးပိတ်ကစားသွားပါမယ်။
အဆိုပါပွဲစဉ်အား အင်္ဂါနေ့တွင် ပြင်သစ်နိုင်ငံ၊ အော်လီယန်မြို့တွင် ကစားသွားပါမယ်။
ယင်းပွဲကို အစောပိုင်းတုန်းက စပိန်နိုင်ငံ၊ ကာဒစ်ဇ်တွင် ကစားရန် စီစဉ်ထားခဲ့ပေမဲ့ ဒီမိုကရက်တစ်ကွန်ဂိုတွင် အီဘိုလာကူးစက်ရောဂါ ပျံ့နှံ့နေမှုကြောင့် မြို့တော်ဝန်က ကျန်းမာရေးဌာနများရဲ့အကြံပေးမှုများကြောင့် ဖျက်သိမ်းစေခဲ့ပါတယ်။
အမေရိကန်အစိုးရကလည်း ဒီမိုကရက်တစ်ကွန်ဂိုကစားသမားများနှင့် နည်းပြအဖွဲ့ဝင်များအား ဒီမိုကရက်တစ်ကွန်ဂိုပြင်ပတွင် ၂၁ ရက်ကြာ နေထိုင်ပြီးမှ ပြည်ဝင်ခွင့်ပေးမယ်လို့ ဆိုထားပါတယ်။
ဒါပေမဲ့ ဒီမိုကရက်တစ်ကွန်ဂိုးအသင်းမှ ကစားသမားအားလုံးက ပြည်ပတွင် အခြေစိုက်ကြသူများဖြစ်ရာ ယင်းနှင့်ပတ်သက်ပြီး စိုးရိမ်စရာ မရှိပါဘူး။
ကွန်ဂိုအသင်းဟာ ဘယ်လ်ဂျီယံတွင် စခန်းသွင်းလေ့ကျင့်မှု ၁၀ ရက်တိုင် ပြုလုပ်စဉ်အတွင်း ဒိန်းမတ်နှင့် ခြေစမ်းပွဲကစားခဲ့သလို စပိန်နိုင်ငံ၊ မာဘယ်လာတွင်လည်း အပြီးသတ် စခန်းသွင်းလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။
ကွန်ဂိုဟာ ၁၉၇၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ထားတာ ဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ဟူစတန်တွင် အခြေစိုက်သွားပါမယ်။
၎င်းတို့ဟာ ဇွန်လ ၁၇ ရက်နေ့တွင် ပေါ်တူဂီနှင့် အဖွင့်ပွဲကစားရပါမယ်။