အင်္ဂလန်ရဲ့ ဒုတိယအသင်းခေါင်းဆောင်အဖြစ် ဒီကလန်ရိုက် ခန့်အပ်ခြင်းခံရ
=====================
ဒီကလန်ရိုက်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် အင်္ဂလန်ရဲ့ ဒုတိယအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူလာပါမယ်။

အာဆင်နယ်ကွင်းလယ်ကစားသမားဟာ မကြာသေးမီတုန်းက အမေရိကန်တွင် စခန်းသွင်းလေ့ကျင့်နေတဲ့ အင်္ဂလန်အသင်းနှင့် ပူးပေါင်းလာခဲ့တာ ဖြစ်ပြီး အသင်းခေါင်းဆောင်ဟယ်ရီကိန်းရဲ့ လက်ထောက်အဖြစ် တာဝန်ယူလာပါမယ်။

တမ်ပါတွင် နယူးဇီလန်းအား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်ရဲ့ ဒုတိယပိုင်းတွင် အင်္ဂလန်အသင်းခေါင်းဆောင်အဖြစ် ဂျူ့ဘယ်လင်ဂမ်က တာဝန်ယူခဲ့ပါတယ်။

ယခင် ယူရို ၂၀၂၄ ပြိုင်ပွဲတုန်းက အင်္ဂလန်ဒုတိယအသင်းခေါင်းဆောင်အဖြစ် ကိုင်လီဝေါလ်ကားကလည်းကောင်း၊ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်ဒုတိယအသင်းခေါင်းဆောင်အဖြစ် ဂျော်ဒန်ဟင်ဒါဆင်တို့က တာဝန်ထမ်းဆောင်ဖူးပါတယ်။

အသက် ၂၇ နှစ်ရှိ ဒီကလန်ရိုက်ဟာ ၂၀၂၄ ခုနှစ် မတ်လတုန်းက အင်္ဂလန်အသင်းကို အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် တာဝန်ယူဖူးပြီး အင်္ဂလန်အတွက် ၇၂ ပွဲကစားထားပါတယ်။

အသက် ၂၂ နှစ်ရှိ ဘယ်လင်ဂမ်မှာ အင်္ဂလန်အတွက် ၄၇ ပွဲမြောက်ပွဲကစားတဲ့ နယူးဇီနလန်နှင့်ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တာပါ။

ဒီကလန်ရိုက်၊ ဘူကာယိုဆာကာ၊ အီဘီရီချီအီးဇီး၊ နိုနီမာဒူကီတို့ဟာ အာဆင်နယ်နှင့်အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားခဲ့ရမှုကြောင့် စနေနေ့တွင်မှ အင်္ဂလန်အသင်းနှင့် ပူးပေါင်းခဲ့ကြတာပါ။

image