ဖိလစ်ပိုင် (၃) နိုင်ငံဖလားပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း အပြီးသတ်ကစားသမား ၂၅ ဦး ရွေးချယ်

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းဟာ ၂၀၂၆ ဖိလစ်ပိုင် (၃) နိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား ၂၅ ဦးစာရင်းကို ရွေးချယ်ထုတ်ပြန်လိုက်ပါတယ်။
အပြီးသတ်ကစားသမား ၂၅ ဦးစာရင်းမှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ရဲ့ ​ပွဲပယ်ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရထားတဲ့ မောင်မောင်လွင်အပါအဝင် နန္ဒကျော်၊ လွင်မိုးအောင်၊ စိုးမိုးကျော်၊ သီဟထက်အောင်၊ ဟိန်းထက်အောင်၊ သန်းပိုင် အစရှိတဲ့ ဝါရင့်ကစားသမားများအားလုံး ပါဝင်လာတာကို တွေ့ရပါတယ်။
ဂိုးသမားနေရာမှာတော့ ဆန်းဆက်နိုင်ပြန်လည်ပါဝင်လာပေမဲ့ ပထမဦးစားပေးဂိုးသမား ဇင်ညီညီအောင် ပါဝင်လာခြင်းမရှိတာကို တွေ့ရပါတယ်။
၂၀၂၆ ဖိလစ်ပိုင် (၃) နိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲအဖြစ် ဇွန် (၆) ရက်မှာ ဂူအမ်အသင်း၊ ဇွန် (၉) ရက်မှာ အိမ်ရှင်ဖိလစ်ပိုင်အသင်းတို့နဲ့ ယှဥ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
Photo- MFF See less

image