၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရရှိဖို့ စပိန်အသင်း အလားအလာအကောင်းဆုံးလို့ စူပါကွန်ပျူတာ ခန့်မှန်း

အချက်အလက်တွေအပေါ် အခြေခံတွက်ချက်တဲ့ Opta ရဲ့ စူပါကွန်ပျူတာက လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရရှိဖို့ စပိန်အသင်း အလားအလာအကောင်းဆုံးဖြစ်ကြောင်း ခန့်မှန်းထားပါတယ်။
စူပါကွန်ပျူတာက စပိန်အသင်းရဲ့ ချန်ပီယံဖြစ်နိုင်ခြေကို (၁၆.၁)ရှိကြောင်း တွက်ချက်ထားပြီး ပြင်သစ်အသင်းက (၁၃)ရာခိုင်နှုန်းနဲ့ ဒုတိယနေရာ၊ အင်္ဂလန်က (၁၁.၂)ရာခိုင်နှုန်းနဲ့ တတိယနေရာ၊ အာဂျင်တီးနားက (၁၀.၄)ရာခိုင်နှုန်းနဲ့ စတုတ္ထနေရာမှာ ရှိနေပါတယ်။
ချန်ပီယံဖြစ်နိုင်ခြေ (၁၀)ရာခိုင်နှုန်းအထက်ရှိတာ အဲဒီအသင်း(၄)သင်းသာရှိကြောင်းလည်း သိရပါတယ်။
စပိန်အသင်းက ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၁၆)သင်းအဆင့်အထိသာ ရောက်ရှိခဲ့ပေမဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဆု ရရှိခဲ့တာကြောင့် အခုလို ရေပန်းစားနေခြင်းဖြစ်ကြောင်း သိရပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲထားတဲ့ လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းကတော့ ဥရောပထိပ်သီး(၃)သင်းရဲ့နောက်မှာသာ ရှိနေခဲ့ပါတယ်။
အမေရိကတိုက်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ (၈)ကြိမ်မှာ တောင်အမေရိကအသင်းတွေက ချန်ပီယံဆု(၇)ကြိမ်အထိ ရယူနိုင်ခဲ့ပေမဲ့ လာမယ့် ပြိုင်ပွဲမှာ ဥရောပအသင်းတွေက ပိုမိုရေပန်းစားနေခြင်းဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး ဘရာဇီးလ်အသင်းအနေနဲ့လည်း ချန်ပီယံဖြစ်နိုင်ခြေ (၆.၆)ရာခိုင်နှုန်းသာရှိတယ်လို့ ခန့်မှန်းခံထားရပါတယ်။

image