3 ရက် - ဘာသာပြန်ပါ။

ဖူလ်ဟမ်အသင်းနဲ့ လမ်းခွဲတော့မယ့် မာကိုဆေးလ်ဗား ဘင်ဖီကာနဲ့ သဘောတူညီမှုရရှိ

ဖူလ်ဟမ်အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်ကြောင်း အတည်ပြုကြေညာခဲ့တဲ့ ပေါ်တူဂီနည်းပြ မာကိုဆေးလ်ဗားက ဘင်ဖီကာအသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
မာကိုဆေးလ်ဗား(၄၈ နှစ်)ဟာ ၂၀၁၇ ခုနှစ်ကတည်းက အင်္ဂလန်ဘောလုံးလောကမှာ ကျင်လည်နေခဲ့သူဖြစ်ပြီး ဖူလ်ဟမ်အသင်းကိုတော့ လိဂ်ချန်ပီယံရှစ်မှာ ရှိနေစဉ် ၂၀၂၁ နွေရာသီမှာ စတင်ကိုင်တွယ်ခဲ့တာပါ။
မာကိုဆေးလ်ဗားက ဖူလ်ဟမ်အသင်းကို ပထမဆုံးကိုင်တွယ်တဲ့ ရာသီမှာပဲ ပရီးမီးယားလိဂ်ဆီ တန်းပြန်တက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ကို ရောက်ရှိလာချိန်မှာလည်း အလယ်အလတ်မှာ ရပ်တည်နိုင်တဲ့အသင်းဖြစ်အောင် ပုံဖော်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ မာကိုဆေးလ်ဗားက စာချုပ်သက်တမ်းကုန်ချိန်မှာ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး စာချုပ်က ဇွန်လကုန်အထိဖြစ်ကြောင်း သိရပါတယ်။
မာကိုဆေးလ်ဗားက ဖူလ်ဟမ်အသင်းက သူ့ရဲ့နှလုံးသားထဲမှာ အမြဲရှိနေမှာဖြစ်ကြောင်းနဲ့ အသင်းရဲ့ကွင်းထဲကို ပြန်လာခဲ့ဦးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
မာကိုဆေးလ်ဗားက မော်ရင်ဟိုနဲ့ လမ်းခွဲလိုက်တဲ့ ဘင်ဖီကာအသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်း မီဒီယာများစွာက ဖော်ပြခဲ့ကြပြီး (၂)နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်တဲ့အပြင် တစ်နှစ်သက်တမ်းတိုးနိုင်တဲ့ သဘောတူညီချက် ပါဝင်မှာဖြစ်ကြောင်းလည်း သိရပါတယ်။

image