အန်ဒါဆန်အတွက် မန်စီးတီးအသင်းရဲ့ကမ်းလှမ်းမှုကို နော်တင်ဟမ် ငြင်းဆန်

နော်တင်ဟမ်ဖောရက်စ်အသင်းဟာ အသင်းကွင်းလယ်လူ အဲလိယတ်အန်ဒါဆန်အတွက် မန်စီးတီးအသင်းရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပါတယ်။
အန်ဒါဆန်(၂၃ နှစ်)ဟာ မန်ယူနိုက်တက်ကိုကျော်ပြီး မန်စီးတီးအသင်းကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပါတယ်။
မန်စီးတီးအသင်းက အန်ဒါဆန်အတွက် ပထမဆုံးအကြိမ်ကမ်းလှမ်းမှု ပယ်ချခံခဲ့ရတာဖြစ်တယ်။
အန်ဒါဆန်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် တူဟယ်လ်ရဲ့အင်္ဂလန်အသင်းမှာလည်း ရွေးချယ်ခံထားရပါတယ်။
မန်စီးတီးအနေနဲ့ အန်ဒါဆန်ရဲ့ပြောင်းရွှေ့ကြေးအတွက် ဗြိတိန်စံချိန်တင်ပမာဏလောက် အသုံးပြုရနိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။
လက်ရှိဗြိတိန်ပြောင်းရွှေ့ကြေးစံချိန်ရှင်မှာ ၂၀၂၃ ခုနှစ်က ဒက်ကလန်ရိုက်စ် ဝက်စ်ဟမ်းကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၁၀၅ သန်းနဲ့ တင်ထားခဲ့တာဖြစ်ပါတယ်။
အန်ဒါဆန်ဟာ နယူးကာဆယ်အကယ်ဒမီထွက်ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကမှ နော်တင်ဟမ်အသင်းထံ ပြောင်းရွှေ့ခဲ့ကာ ပြိုင်ပွဲစုံ ပွဲ ၅၀ ကစားထားပါတယ်။

image