ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပီအက်စ်ဂျီကို ရှုံးနိမ့်ပြီးနောက် အာဆင်နယ်ကို ဆာအဲလက်စ်ဖာဂူဆန် ဝေဖန် အပြစ်တင်လာ
======================

ဆာအဲလက်စ်ဖာဂူဆန်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဘတ်စ်ကားကွက်ဖြင့် ပိတ်ဆို့ကစားခဲ့တဲ့ အာဆင်နယ်ကို အပြစ်တင်ဝေဖန်လာပါတယ်။
ယူနိုက်တက်နှင့်အတူ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ရရှိခဲ့တဲ့ ဆာအဲလက်စ်ဖာဂူဆန်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ပီအက်စ်ဂျီအား ပင်နယ်တီအဆုံးအဖြတ်တွင် ရှုံးနိမ့်ပြီးနောက် အာဆင်နယ်ရဲ့ ခံစစ်ပိတ်ဆို့ကစားမှုကို အပြစ်တင်လာတာလည်း ဖြစ်ပါတယ်။
ယင်းပွဲတွင် အာဆင်နယ်ဟာ ဘောလုံးပိုင်ဆိုင်မှု ၂၄.၇ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲသမိုင်းတွင် ဘောလုံးပိုင်ဆိုင်မှု အနည်းဆုံးအသင်းအဖြစ် သမိုင်းမှတ်တမ်းဝင်သွားပါတယ်။
အာဆင်နယ်ဟာ ကိုင်ဟာဗတ်ဇ် ဂိုးသွင်းနိုင်ခဲ့တဲ့ တစ်ကြိမ်တည်းသာ ဂိုးပေါက်တည့် ကန်ချက် ရှိခဲ့ပါတယ်။
ဆာအဲလက်စ်ဖာဂူဆန်ဟာ ချန်ပီယံလိဂ် ၂ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ပီအက်စ်ဂျီဥက္ကဌနက်စ်ဆာအယ်ခီလိုင်ဖီအား ဂုဏ်ပြုစကားပြောကြားခဲ့ပါသေးတယ်။
ပြင်သစ်အားကစားသတင်းစာ L'Equipe ရဲ့ဖော်ပြလာမှုအရ ဆာအဲလက်စ်က အာဆင်နယ်ရဲ့ကစားဟန်မှာ အလွန်ပျင်းစရာကောင်းတယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
ဒါပေမဲ့ ပီအက်စ်ဂျီပိုင်ရှင် Qatar Sports Investments ရဲ့သတင်းရင်းမြစ်ကမူ ယူနိုက်တက်ဂန္ထဝင်နည်းပြက အာဆင်နယ်ကစားပုံမှာ 'ပျင်းစရာကောင်းတယ်'ဆိုတဲ့ အသုံးအနှုန်းမသုံးခဲ့ကြောင်း၊ သို့ရာတွင် ပီအက်စ်ဂျီကိုမူ 'မင်းတို့အသင်းက ဘောလုံးကစားတဲ့အသင်း'လို့ မက်ဆေ့ချ်ပို့ ပြောဆိုခဲ့ကြောင်း ဆိုထားပါတယ်။
မီခေးလ်အာတီတာရဲ့ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားချိန် ၂ နာရီအတွင်းတွင် ကန်ချက် ၇ ကြိမ်ပြုလုပ်ရာတွင် ၅ ကြိမ် ပိတ်ဆို့ခြင်းခံခဲ့ရပါတယ်။
ပီအက်စ်ဂျီဂိုးသမားမတ်ဗီးဆာဖိုနော့ဗ်မှာ အီးဇီးနှင့် ဂါဘရီရယ်တို့ရဲ့ ပင်နယ်တီ လွဲချော်သွားမှုနှင့်အတူ ပွဲအတွင်း တစ်ကြိမ်မှ ကာကွယ်မှု ပြုလုပ်ရန် မလိုခဲ့ပါဘူး။

image