အိုင်ရာအိုလာအား ခန့်အပ်ရေး လီဗာပူး ဆွေးနွေးလာမည်
=====================

လီဗာပူးဟာ ယခုအပတ်အတွင်းတွင် အန်ဒိုနီအိုင်ရာအိုလာအား ခန့်အပ်ရေး ဆွေးနွေးမှု ပြုလုပ်လာပါမယ်။
လီဗာပူးဟာ စနေနေ့တုန်းက အသင်းကို ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်အောင် ဦးဆောင်ခဲ့တဲ့ ဒတ်ချ်လူမျိုးနည်းပြအန်းဆလော့အား ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ် ရှာဖွေနေခဲ့ပါတယ်။
လီဗာပူးဟာ နည်းပြသစ် အလျှင်အမြန် ခန့်အပ်လိုနေတာ ဖြစ်ပြီး ဘုန်းမောက်မှ ထွက်ခွာလာတဲ့ အိုင်ရာအိုလာမှာ လျာထားစာရင်းတွင် ထိပ်ဆုံးမှ ပါဝင်နေပါတယ်။
လီဗာပူးဟာ စတုဂတ်ရဲ့ ဆီဘာစတီယန်ဟိုးနက်စ်၊ လန်းစ်ရဲ့ပီယာရီဆာဂျီတို့အား လျာထားခဲ့ပေမဲ့လည်း အိုင်ရာအိုလာကိုသာ ခန့်အပ်လာဖို့ ရှိပါတယ်။
အသက် ၄၃ နှစ်ရှိ အိုင်ရာအိုလာဟာ ဘုန်းမောက်ကို ကလပ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အဆင့် ၆ နေရာဖြင့် ယူရိုပါလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ဧပြီလကတည်းက နွေရာသီတွင် ဘုန်းမောက်မှ ထွက်ခွာလာမှာ ဖြစ်ကြောင်း ကြေညာထားသူ ဖြစ်ပြီး အေစီမီလန်၊ ခရစ္စတယ်ပဲလေ့စ်၊ လေဗာကူဆင်တို့ရဲ့ စိတ်ဝင်စားခြင်းလည်း ခံနေရသူ ဖြစ်ပါတယ်။
အိုင်ရာအိုလာဟာ လက်ရှိ လီဗာပူးတွင် နည်းစနစ်ဒါရိုက်တာအဖြစ် ဆောင်ရွက်နေတဲ့ ဟုချ်နှင့် ဘုန်းမောက်တွင် လက်တွဲခဲ့ဖူးသူ ဖြစ်ပါတယ်။ ဟုတ်ချ်ဟာ ဘုန်းမောက်တွင် တာဝန်ထမ်းဆောင်နေစဉ်တုန်းက အိုင်ရာအိုလာအား ခေါ်ဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ၂၀၂၄ ခုနှစ်တွင် ဘုန်းမောက်မှ လီဗာပူးသို့ ပြောင်းလာခဲ့တာပါ။

image