မန်စီးတီးနည်းပြရာထူးမှ ထွက်ခွာလာပြီး ရက်အနည်းငယ်အကြာတွင်ပင် ဂေါက်လောကသို့ ဝင်ရောက်လာတဲ့ ဂွါဒီယိုလာ
====================

ပက်ဂွါဒီယိုလာဟာ မန်စီးတီးနည်းပြရာထူးမှ ထွက်ခွာပြီး ရက်အနည်းငယ်အကြာတွင်ပင် ဂေါက်လောကသို့ ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။
စပိန်လူမျိုးနည်းပြဟာ အီတီဟတ်တွင် ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီးနောက် ရာသီအကုန်တွင် ထွက်ခွာလာခဲ့သူ ဖြစ်ပါတယ်။
မန်စီးတီးကို ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်အပါအဝင် ဆုဖလား အလုံး ၂၀ ရယူပေးခဲ့တဲ့ ဂွါဒီယိုလာဟာ ပရဟိတဂေါက်ရိုက်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လာမှာလည်း ဖြစ်ပါတယ်။
ဘာစီလိုနာနှင့် ဘိုင်ယန်မြူးနစ်နည်းပြဟောင်းဟာ ရာဖေးလ်နာဒယ်၊ ဂျီယန်ဖရန်ကိုဇိုလာ၊ အယ်ဗာရိုမိုရာတာ၊ ပီပီရေနာ၊ ဟင်းနရစ်လာဆင်စတဲ့ နာမည်ကျော်အားကစားသမားများနှင့်အတူ The Battle of Stars ပရဟိတဂေါက်ရိုက်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လာပါမယ်။
ယင်းပြိုင်ပွဲကို ဇွန်လ ၁၀ ရက်နေ့မှ ဇွန်လ ၁၂ ရက်နေ့အထိ မာယော့ကာရှိ Pula Golf Resort နှင့် Son Servera Gold Club တို့တွင် ကျင်းပလာပါမယ်။
ယင်းဂေါက်ရိုက်ပြိုင်ပွဲမှ ရရှိလာတဲ့ ရန်ပုံငွေများကို ကြွက်သားအားနည်းခြင်း၊ ကျုံ့ခြင်းရောဂါများ တိုက်ဖျက်ရေးအတွက် လှူဒါန်းလာပါမယ်

image