ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အာဆင်နယ် ရှုံးနိမ့်ပြီးနောက် ပို့စ်တင်ပြီး ကျောင်းတော်က ရန်စကို မီးပြန်မွှေးလာတဲ့ အာလင်းဟာလန်း
====================

အာလင်းဟာလန်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အာဆင်နယ်တို့ ရှုံးပွဲ ကြုံတွေ့ရပြီးနောက် ဆိုရှယ်မီဒီယာတွင် Selfie ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံအား တင်ကာ ကျောင်းတော်က ရန်စကို မီးပြန်မွှေးလာပါတယ်။
မန်စီးတီးစတားဟာ ပြီးခဲ့တဲ့နှစ်များအတွင်းတွင် အာဆင်နယ်နောက်ခံလူဂါဘရီရယ်နှင့် ပြဿနာများစွာ တက်ခဲ့ဖူးသူ ဖြစ်ပါတယ်။
သူဟာ ၂၀၂၄ ခုနှစ်တုန်းက ပွဲတွင် ဂါဘရီရယ်ကို ဘောလုံးဖြင့် ပစ်ပေါက်ခဲ့ဖူးသလို ဂါဘရီရယ်ကလည်း သူ့မျက်နှာရှေ့သို့ သွားကာ အောင်ပွဲခံပြီး ပြန်တုံ့ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လတုန်းက မန်စီးတီးက အာဆင်နယ်ကို ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင်လည်း ယင်းကစားသမားနှစ်ဦးတို့ ခေါင်းချင်းဆိုင်ခဲ့ဖူးပါတယ်။
ဟာလန်းဟာ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက မီခေးလ်အာတီတာကို "Stay Humble"လို့ ပြောဆိုခဲ့ဖူးပါသေးတယ်။
အသက် ၂၈ နှစ်ရှိ ဘရာဇီးဗဟိုနောက်ခံလူဟာ ဘူဒါပတ် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် အဆုံးအဖြတ်ပင်နယ်တီ လွဲချော်ခဲ့ပြီး အာဆင်နယ်တို့ ၄-၃ ဖြင့် ရှုံးနိမ့်ကာ ပထမဆုံး ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်မဲ့ အခွင့်အရေး လက်လွှတ်ခဲ့ရပါတယ်။
ပွဲအပြီး အချိန်အနည်းငယ်အကြာမှာတော့ အာလင်းဟာလန်းဟာ သူငယ်ချင်း ၃ ဦးနှင့်အတူ အပြုံးမျက်နှာဖြင့် ရိုက်ကူးထားတဲ့ Selfie ဓာတ်ပုံအား ဆိုရှယ်မီဒီယာတွင် တင်လာပါတယ်။
ချက်ချင်းဆိုသလို ပရိသတ်များက အာလင်းဟာလန်းမှာ ပြိုင်ဘက် ဂါဘရီရယ်နှင့် အာဆင်နယ်တို့ ရှုံးပွဲ ကြုံရမှုကြောင့် ယခုကဲ့သို့ တင်လာကြောင်း သိရှိသွားကြပါတယ်။
အာလင်းဟာလန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ရှုံးပွဲကြုံခဲ့တဲ့ အာဆင်နယ်ကို လှောင်ပြောင်တဲ့ တစ်ဦးတည်းသော သူ မဟုတ်ပါဘူး။
အာဆင်နယ်ရဲ့မြောက်လန်ဒန်ဒါဘီပြိုင်ဘက် စပါးစ်မှ ဒီဂျက်စပင့်နှင့် ရီချာလီဆင်တို့ကလည်း ဆိုရှယ်မီဒီယာတွင် လှောင်ပြောင်တဲ့ ပို့စ်များ တင်သွားပါတယ်။
ချဲလ်ဆီးကလည်း ချန်ပီယံလိဂ်ဖလားပုံကို တင်ကာ “Come and visit London’s Home of Trophies.” ဆိုတဲ့စာသားကို ရေးသားကာ ပို့စ်တင်သွားပါတယ်။

image