ဆယ်စုနှစ်တစ်ခုကြာ ဦးဆောင်လာတဲ့ မန်စီးတီးမှ ဂွါဒီယိုလာ ထွက်ခွာရမှု နောက်ကွယ်မှ စစ်မှန်တဲ့ အကြောင်းရင်းကို မန်စီးတီးစတားဖွင့်ဟလာ
==================

မန်စီးတီးစတားတီဂျန်နီရိုင်ဂျန်ဒါက ဂန္ထဝင်နည်းပြပက်ဂွါဒီယိုလာ မန်စီးတီးမှ ထွက်ခွာလာရတဲ့ နောက်ကွယ်မှ အကြောင်းရင်းမှန်ကို ဖွင့်ဟပြောကြားလာပါတယ်။
ရိုင်ဂျန်ဒါဟာ မန်စီးတီးရဲ့ ရာသီနှောင်းပိုင်းတွင် ပွဲအများစုကို အရန်ခုံမှာ ထိုင်နေခဲ့ရသူ ဖြစ်ပြီး စပိန်လူမျိုးနည်းပြမှာ တချိန်တုန်းက ရှိခဲ့ဖူးတဲ့ စွမ်းအင်မျိုး မရှိတော့ကြောင်း ဖွင့်ဟလာပါတယ်။
နယ်သာလန်နှင့်အတူ ကမ္ဘာ့ဖလားယှဉ်ပြိုင်လာမဲ့ ရိုင်ဂျန်ဒါက "သူက စိတ်ဓာတ်ပြင်းထန်တဲ့ နည်းပြပါ။ ဘောလုံးဉာဏ်ကြီးရှင်တစ်ဦးလည်း ဖြစ်တယ်။ သူနဲ့ တစ်ရာသီတည်းပဲ အလုပ်လုပ်ခွင့်ရလို့ ရှက်မိတယ်။ ဒါပေမဲ့ ဒါက သူ့ရွေးချယ်မှုပါ"လို့ ဒတ်ချ်သတင်းစာ De Telegraaf သို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ၎င်းက "သူ အရွေးမခံရတဲ့ ကစားသမားကိုပဲ ဖြစ်ဖြစ်၊ မကစားတဲ ကစားသမားအပေါ်မှာပဲ ဖြစ်ဖြစ် စိတ်ပျက်တာတွေ မရှိတော့ဘူး။ ဆယ်နှစ်ကြာ အလုပ်လုပ်ခဲ့ပြီးတဲ့နောက် လုံလောက်သွားပြီလေ။ သူ့အပေါ် အလုံးစုံ နားလည်ပါတယ်။ စိတ်ဓာတ်ပြင်းထန်တဲ့ နည်းပြဆိုတာ အသင်းရဲ့ အကောင်းဆုံးစွမ်းဆောင်ရည် ထွက်ပေါ်လာအောင် လုပ်တတ်တဲ့ အပြုသဘောဆောင်တာ ပြောလိုတာပါ"လို့ ပြောကြားသွားပါတယ်။
နွေရာသီတုန်းက အေစီမီလန်မှ ပြောင်းလာခဲ့တဲ့ ရိုင်ဂျန်ဒါဟာ ဂွါဒီယိုလာရဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲ ၁၄ ပွဲတွင် ၉ ပွဲအား အရန်အဖြစ်ပင် ပါဝင်ကစားခွင့်မရခဲ့သူ ဖြစ်ပါတယ်။
ဂွါဒီယိုလာဟာ မန်စီးတီးအား ကိုင်တွယ်စဉ်အတွင်း ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ်အပါအဝင် စုစုပေါင်း ဆုဖလား အလုံး ၂၀ ရယူနိုင်ခဲ့ပါတယ်။

image