ကမ္ဘာ့ဖလားမတိုင်မီ အီတလီမှ ဩစတြေးလျသို့ နိုင်ငံပြောင်းကစားလာတဲ့ ဗိုလ်ပါတို
=====================
အီတလီယူ-၂၁ လက်ရွေးစင်ဟောင်းခရစ္စတီယန်ဗိုလ်ပါတိုဟာ ဩစတြေးလျတို့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လူစာရင်း ကြေညာမှု မပြုလုပ်မီ အီတလီမှ ဩစတြေးလျအတွက် ပြောင်းကစားလာပါတယ်။

အသက် ၂၂ နှစ်ရှိ ဗိုလ်ပါတိုဟာ ဩစတြေးလျတွင် မွေးဖွားကာ ဆစ်ဒနီတွင် ကြီးပြင်းလာခဲ့သူ ဖြစ်ပါတယ်။ သူဟာ ၂၀၂၀ ခုနှစ်တွင် ရိုးမားအကယ်ဒမီသို့ ပြောင်းပြီးနောက် နှစ်နိုင်ငံသားပတ်စ်ပို့ကိုင်ဆောင်ထားသူလည်း ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်တွင် ဆက်စ်ဆူလိုသို့ ပြောင်းခဲ့သူဟာ အီတလီလူငယ်အသင်းများအတွက် ကစားလာသူလည်း ဖြစ်ပါတယ်။

သူဟာ အီတလီလူငယ်အသင်းအတွက်သာ ကစားထားမှုနှင့်အတူ ဩစတြေးလျအတွက် ပြောင်းကစားခွင့် ရှိနေပါတယ်။

ယခုအခါ ဗိုလ်ပါတိုဟာ အီတလီမှ ဩစတြေးလျအသင်းအတွက် ပြောင်းကစားရေး ဖီဖာထံမှ တရားဝင်ခွင့်ပြုချက် ရရှိလာပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူဟာ တိုနီပိုပိုဗစ်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဩစတြေးလျလူစာရင်းတွင် ပါဝင်လာဖို့ ရှိနေပြီလည်း ဖြစ်ပါတယ်။

ပိုပိုဗစ်ဟာ ကမ္ဘာ့ဖလားတွက် ဩစတြေးလျလူစာရင်းကို ဇွန်လ ၁ ရက်နေ့တွင်မှ ကြေညာလာလပါမယ်။

ဗိုလ်ပါတိုဟာ ယခုနှစ် အစောပိုင်းတုန်းက ဩစတြေးလျနည်းပြပိုပိုဗစ်ရဲ့ ချဉ်းကပ်မှု ခံရပြီးနောက် အီတလီရဲ့ ရွေးချယ်ရေး ခံရရေး မျှော်လင့်ချက်ဖြင့် ငြင်းပယ်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ အီတလီမှာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲကျလာမှုနှင့်အတူ ဗိုလ်ပါတိုဟာ ဩစတြေးလျအသင်းအတွက် ကစားရန် ဆုံးဖြတ်လာခဲ့ပါတယ်။

ဩစတြေးလျဟာ ဇွန်လ ၁၄ ရက်နေ့တွင် တူရကီနှင့် ကမ္ဘာ့ဖလားအဖွင့်ပွဲကစားရမှာ ဖြစ်ပြီး အမေရိကန်၊ ဥရုဂွေးတို့နှင့်လည်း ရင်ဆိုင်ကစားရပါမယ်။

image