Lamborghini ကားဖြင့် ယာဉ်မတော်တဆမှု ဖြစ်ပြီးနောက် အရက်သောက်ကားမောင်းမှုဖြင့် သံသယဝင်ခံရကာ ဖမ်းဆီးခံလာရတဲ့ စတာလင်း
===================
ရာဟမ်းစတာလင်းဟာ Lamborghini ကားဖြင့် ယာဉ်မတော်တဆမှု ဖြစ်ပြီးနောက် အရက်သေစာသောက်စားပြီး ယာဉ်မောင်းတယ်လို့ သံသယဝင်ခြင်းခံရကာ ဖမ်းဆီးထိန်းသိမ်းခြင်းခံလာရပါတယ်။

အသက် ၃၁ နှစ်ရှိ စတာလင်းဟာ ကြာသပတေးနေ့ နံနက် ၉ နာရီအချိန်တွင် ဟမ်းရှိုင်းယားရှိ M3 လမ်းမတွင် ရဲတပ်ဖွဲ့ဝင်များရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတာပါ။

ဒတ်ချ်ကလပ် ဖီယင်နုတွင် ကစားနေတဲ့ စတာလင်းဟာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပေမဲ့လည်း အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ်စတားဟောင်းဟာ အမြန်လမ်းမရှိ အတားအဆီးများကို Lamborghini ဖြင့် ဝင်တိုက်ပြီးနောက် အရက်သောက်ကားမောင်းတယ်လို့ သံသယဝင်ခံရကာ ဖမ်းဆီးခံခဲ့ရတာပါ။

သူဟာ ကြာသပတေးနေ့ နံနက်ပိုင်းတွင် M3 တွင် ယာဉ်မတော်ဆမှု ဖြစ်ပြီးနောက် နံနက် ၉ နာရီအချိန်တွင် ဟမ်းရှိုင်းယားတွင် ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။

စတာလင်းဟာ ဇန်နဝါရီလတွင် ချဲလ်ဆီးရဲ့ စာချုပ်ဖျက်သိမ်းခြင်းခံရပြီးနောက် ဖီယင်နုသို့ ပြောင်းခဲ့ပေမဲ့ အကောင်းဆုံးပုံစံ ရရှိရန် ရုန်းကန်လာခဲ့ရပါတယ်။

သူဟာ စစ်ဆေးခံယူရန် ပျက်ကွက်ပြီးနောက် မူးယစ်ဆေး၊ အန္တရာယ်ရှိတဲ့ ယာဉ်မောင်းနှင်မှု၊ Class C မူးယစ်ဆေးသုံးစွဲထားတယ်လို့ သံသယဝင်ခြင်းခံထားရပါတယ်။

လီဗာပူး၊ မန်စီးတီး၊ ချဲလ်ဆီးတို့တွင် ကစားခဲ့တဲ့ စတာလင်းဟာ အင်္ဂလန်အတွက် ၈၂ ပွဲကစားထားကာ ဂိုး ၂၀ သွင်းထားသူလည်း ဖြစ်ပါတယ်။

image