နေပြည်တော် ခုတင် (၃၀၀) ဆေးရုံတွင် အပတ်စဉ် သားအိမ်ခေါင်းကင်ဆာရောဂါ အကြိုစစ်ဆေးခြင်းဆောင်ရွက်ပေးနေ
နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၃၀၀) ဆေးရုံတွင် အပတ်စဉ် သောကြာနေ့တိုင်း သားအိမ်ခေါင်းကင်ဆာရောဂါအကြိုစစ်ဆေးခြင်းကို အပတ်စဉ် သောကြာနေ့တိုင်း ဆောင်ရွက်ပေးနေကြောင်း သိရသည်၊
အထူးကုဆရာဝန်(သားဖွားမီးယပ်) နှင့် ကျန်းမာရေးဝန်ထမ်းများက အပတ်စဉ် သောကြာနေ့တိုင်း အသက် (၂၅) နှစ်မှ (၄၉) နှစ်အတွင်းရှိ အမျိုးသမီးများကို စစ်ဆေးဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းလည်း သိရသည်။
သားအိမ်ခေါင်းကင်ဆာသည် စောစီးစွာ စစ်ဆေးတွေ့ရှိပါက ရာနှုန်းပြည့်နီးပါး ပျောက်ကင်းအောင် ကုသနိုင်သော ရောဂါဖြစ်ပြီး ယခုချိန်တွင် ကြိုတင်ကာကွယ်သည့်အနေဖြင့် အသက်အရွယ်သတ်မှတ်ချက်အလိုက် HPV ကာကွယ်ဆေး (Human Papillomavirus Vaccine) ကို ထိုးနှံမှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။