မက်ဂွိုင်းယားအား ကမ္ဘာ့ဖလားလူစာရင်းတွင် ချန်လှပ်မှုအတွက် တူချယ်ကို မိသားစုတစ်ခုလုံး ဝိုင်းဝန်းဝေဖန်မှု ပြုလုပ်လာ
=====================
ဟယ်ရီမက်ဂွိုင်းယားရဲ့မိသားစုဟာ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလားလူစာရင်းတွင် ချန်လှပ်ထားမှုကြောင့် နည်းပြသောမတ်စ်တူချယ်အား ဝိုင်းဝန်း ဝေဖန်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြပါတယ်။
မက်ဂွိုင်းယားဟာ ယခုရာသီတွင် ယူနိုက်တက်မှာ ထိပ်တန်းခြေစွမ်းဖြင့် ကစားနိုင်ခဲ့ပြီးနောက် မတ်လတုန်းက အင်္ဂလန်အသင်းတွင် ပြန်လည်ရွေးချယ်ခြင်းခံခဲ့ရပေမဲ့ အပြီးသတ်လူစာရင်းမှာ ချန်လှပ်ခံခဲ့ရလို့ အံ့ဩတုန်လှုပ်ခဲ့ရပါတယ်။
မက်ဂွိုင်းယားဟာ ကိုးလ်ပါလ်မာ၊ ဖီးလ်ဖိုဒန်တို့နှင့်အတူ ချန်လှပ်ခံခဲ့ရပြီးနောက် သူ့ကို ချစ်ကြတဲ့ မိသားစုဝင်များရဲ့ ဝိုင်းဝန်းဖြေသိမ့်ပေးခြင်းခံခဲ့ရပါတယ်။
ဇနီးသည်ဖန်က "ကိုယ့်တန်ဖိုးကို သက်သေပြဖို့ ဘာများ လုပ်နိုင်မလဲ။ ရှင့်ကို ကျွန်မ ဘယ်လောက်လေးစားတယ်ဆိုတာ ပြောပြနေဖို့ မလိုဘူး။ အမြင်လေးတစ်ခုနဲ့ ယှဉ်ပြိုင်ရတာ ရှက်စရာပါ"လို့ ဆိုသွားပါတယ်။
မက်ဂွိုင်းယားရဲ့မိခင်ဇိုးကလည်း "လုံးဝ စက်ဆုပ်စရာကောင်းတယ်။ မင်းဘာမှ မလုပ်နိုင်တော့ဘူးလေ။ ခေါင်းမော့ထား။ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်သလဲ"လို့ တူချယ်အား ဝေဖန်သွားပါတယ်။
လိဂ် ၂ ကလပ် အမ်ကေဒွန်းတွင် ကစားနေတဲ့ ညီဖြစ်သူလောရင့်ကလည်း "ဖရိုဖရဲဖြစ်နေမှုများ"လို့ ဆိုသွားပါတယ်။
ဒါ့အပြင် မွေးချင်းဂျိုးကလည်း "ကျုပ်ဘဝမှ မြင်ဖူးခဲ့သမျှထဲမှာ အဆိုးရွားဆုံး ဆုံးဖြတ်ချက်ဖြစ်ကောင်းဖြစ်နိုင်တယ်"လို့ ဝေဖန်သွားပါတယ်။
အစ်မဖြစ်သူဒီဆီကလည်း မောင်ဖြစ်သူအား ချန်လှပ်ထားမှုမှာ ရူးရာကြကြောင်းနှင့် ခေါင်းမော့ထားရန် အားပေးသွားပါတယ်။
ဖခင်ဖြစ်သူအလန်ကလည်း အင်္ဂလန်အတွက် ၆၆ ပွဲကစားထားတဲ့ မက်ဂွိုင်းယားမှာ အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားလူစာရင်းတွင် ပါဝင်ရန် ထိုက်တန်ကြောင်း ဆိုသွားပါတယ်။
တဖက်တွင် အင်္ဂလန်နည်းပြသောမတ်စ်တူချယ်ဟာ ကမ္ဘာ့ဖလားလူစာရင်းတွင် မက်ဂွိုင်းယားအား ချန်လှပ်ထားခဲ့မှုအတွက် ဘောလုံးဝေဖန်ရေးသမားများရဲ့ ဝိုင်းဝန်း ဝေဖန်တိုက်ခိုက်မှုများ ခံနေရပါတယ်။