(၂၃)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များအစည်းအဝေးကို တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးတက်ရောက်

နိုင်ငံတော်အစိုးရသစ်အနေဖြင့် အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကိုပိုမိုခိုင်မာစေကာ ဒေသတွင်းအကျိုးစီးပွားများကို ဟန် ချက်ညီညီဆက်လက်ဖော်ဆောင်သွားမည်ဟုပြော
(၂၃)ကြိမ်မြောက်အာဆီယံတပ်မတော်ကာကွယ်ရေးဦး စီးချုပ်များအစည်းအဝေး(23rd ACDFM)ကို မေ ၂၁ ရက်နံနက်ပိုင်းတွင် Video Conferencing စနစ်ဖြင့်ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်ကြီးရဲဝင်းဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ တက်ရောက်ပြီးနောက် မြန်မာနိုင်ငံအနေဖြင့် လက်ရှိအချိန်တွင်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီး ပြည်သူ့ဆန္ဒကို လက်တွေ့ကျကျ အကောင်အထည် ဖော်မည့် ပြည်သူ့ကိုယ်စားလှယ်များပါဝင်သော လွှတ် တော်များနှင့် ဒီမိုကရေစီနည်းလမ်းတကျရွေးကောက်တင်မြှောက်ထားသည့် အစိုးရတစ်ရပ်ပေါ်ထွက်လာပြီဟု ပြောသည်။
ထို့အတူ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးခရီးလမ်း ခိုင်မာစေရန် နိုင်ငံတော်နှင့်ကိုက်ညီသည့် ဒေသအခြေခံ ဖက်ဒရယ်စနစ်ကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပြီး အမျိုးသားအကျိုးစီးပွား လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်မှုယန္တရားပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆက်လက်ဆောင်ရွက်သွားမည်ဟု ပြောသည်။
ထို့ပြင် နိုင်ငံတော်အစိုးရသစ်အနေဖြင့် လွတ်လပ်၍ တက်ကြွပြီးဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မာစေကာ ဒေ သတွင်းအကျိုးစီးပွားများကို ဟန်ချက်ညီညီ ဆက် လက်ဖော်ဆောင်သွားမည်ဟုလည်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတွင် အာဆီယံတပ်မတော်များ၏ (၂)နှစ်လုပ်ငန်းစီမံချက်(၂၀၂၆-၂၀၂၈)အားအတည်ပြုခြင်း၊ 23rd ASEAN Chiefs of Defence Forces Meeting (23rd ACDFM)၏ ပူးတွဲထုတ်ပြန် ကြေညာချက် Joint Statement အားအတည်ပြုပြီး ပူးတွဲကြေညာချက်ကို အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

image