စပိုင်လုပ်ရပ်အတွက် ဆောက်သမ်တန်ကို အက်ဖ်အေ စုံစမ်းစစ်ဆေးလာ
==================

အက်ဖ်အေဟာ ပြီးခဲ့တဲ့ရာသီအတွင်း ချန်ပီယံရှစ်ပြိုင်ဘက်ကလပ် ၃ ခုတို့အား စပိုင်လုပ်မှုအတွက် ဆောက်သမ်တန်အား စုံစမ်းစစ်ဆေးလာပါတယ်။
ဆောက်သမ်တန်ဟာ ပလေးအော့ဖ်ဆီမီးဖိုင်နယ်ပြိုင်ဘက် မစ်ဒယ်ဘရော့အား ပွဲမတိုင်မီ ၇၂ နာရီအတွင်းတွင် ပြိုင်ဘက်လေ့ကျင့်ခန်းဆင်းမှုကို စပိုင်လုပ်ကာ လေ့လာမှု ပြုလုပ်ကြောင်း ဝန်ခံခဲ့ပြီးနောက် ပလေးအော့ဖ်ဗိုလ်လုပွဲမှာ ထုတ်ပယ်ခြင်းခံထားရပါတယ်။
ဒါ့အပြင် ဆောက်သမ်တန်ဟာ ပြီးခဲ့တဲ့ရာသီအတွင်းတွင် အောက်စ်ဖို့ဒ်ယူနိုက်တက်နှင့် အစ္စဝှစ်ချ်အသင်းတို့ကိုလည်း စပိုင်လုပ်ခဲ့ပါသေးတယ်။
ဆောက်သမ်တန်ဟာ ယင်းလုပ်ရပ်အတွက် ပလေးအော့ဖ်ဗိုလ်လုပွဲမှ ထုတ်ပယ်ခြင်းခံခဲ့ရသလို လာမဲ့ရာသီတွင် ၄ မှတ်လျှော့ဖြင့် စတင်ကစားရန်လည်း အပြစ်ပေးခံထားရပါတယ်။
ဆောက်သမ်တန်ဟာ ယင်းအရေးယူမှုကို အယူခံဝင်ခဲ့ပေမဲ့ ပယ်ချခြင်းခံထားရပါတယ်။
ယခုအခါ အက်ဖ်အေကလည်း ဆောက်သမ်တန်ရဲ့ ပြိုင်ဘက်အသင်းများအား စပိုင်လုပ်မှုအပေါ် စုံစမ်းစစ်ဆေးလာပါတယ်။
စပိုင်စေလွှတ်မှု ပြုလုပ်ခဲ့တဲ့ ဆောက်သမ်တန်နည်းပြတွန်ဒါအက်ကတ်မှာ ပွဲပယ်ခံလာရဖို့ ရှိနေပါသေးတယ်။
တဖက်တွင် ဆောက်သမ်တန်ကစားသမားများဟာ စပိုင်လုပ်ရပ်အတွက် ဗိုလ်လုပွဲမှ ထုတ်ပယ်ခြင်းခံရမှုအပေါ် အကြီးအကျယ် ဒေါသထွက်နေပါတယ်။
အက်ကတ်ဟာ ဆောက်သမ်တန်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရဖို့လည်း ရှိနေပါသေးတယ်။

image