ကမ္ဘာ့လုပ်ခအများဆုံးရ နည်းပြများထဲမှ တစ်ဦးအဖြစ် အာတီတာကို စာချုပ်သစ်ချုပ်ဆိုလာမဲ့ အာဆင်နယ်
=====================
အာဆင်နယ်ဟာ အသင်းကို ၂၂ နှစ်အတွင်း ပထမဆုံးပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်အောင် ဦးဆောင်ပေးထားတဲ့ မီခေးလ်အာတီတာကို ကမ္ဘာ့လုပ်ခအများဆုံးရ နည်းပြများထဲမှ တစ်ဦးအဖြစ် စာချုပ်သစ်ချုပ်ဆိုလာပါမယ်။
အာတီတာရဲ့ လက်ရှိ စာချုပ်မှာ လာမဲ့ ၂၀၂၇ ခုနှစ် နွေရာသီတွင် ကုန်ဆုံးလာမှာ ဖြစ်ပြီး ရာသီသိမ်းချိန်တွင် စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးရန် စီစဉ်ထားပါတယ်။
အာဆင်နယ်ဟာ အင်္ဂါနေ့တုန်းက ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ပြီးနောက် ယခုလအကုန် ဘူဒါပတ်စ်တွင် ကလပ်ရဲ့ ၁၄၀ နှစ်သမိုင်းအတွင်း ပထမဆုံးချန်ပီယံလိဂ်ဖလား ဆွတ်ခူးရေး ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားရပါမယ်။
အာဆင်နယ်ဟာ ယခုရာသီတွင် ဆုဖလားတစ်လုံးမျှ မဆွတ်ခူးလျှင်လည်း အာတီတာကို စာချုပ်သစ်ချုပ်ဆိုရေး စီစဉ်ထားတာပါ။
ယခုအခါ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးလာမှုနှင့်အတူ အာတီတာကို စာချုပ်သစ်ချုပ်ဆိုရေး ပြင်ဆင်နေပြီ ဖြစ်ပါတယ်။
အာတီတာဟာ လက်ရှိ စာချုပ်အရ တစ်နှစ်လုပ်ခ ပေါင် ၁၀ သန်းဝန်းကျင် ရှရိနေပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်နိုင်ပါက အပိုဆုကြေးငွေ ပေါင် ၅ သန်း ရနေပါတယ်။
ဒါပေမဲ့ အာတီတာဟာ လုပ်ခများစွာ တိုးမြှင့်ခံလာရတော့မှာ ဖြစ်လို့ ကမ္ဘာ့လုပ်ခအများဆုံးနည်းပြများထဲမှ တစ်ဦး ဖြစ်လာပါတော့မယ်။
လက်ရှိအချိန်တွင် အက်သလက်တီကိုနည်းပြဒီယေဂိုဆီမြွန်နီက တစ်နှစ်လုပ်ခ ပေါင် ၂၅.၉ သန်းဖြင့် ကမ္ဘာ့လုပ်ခအများဆုံးနည်းပြအဖြစ် ရပ်တည်နေပြီး ဂွါဒီယိုလာက တစ်နှစ်လုပ်ခ ပေါင်သန်း ၂၀ ဖြင့် ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
တဖက်တွင် အာဆင်နယ်ဟာ လာမဲ့ ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဘွဲအား ကာကွယ်နိုင်ရေးအတွက် အာတီတာအား နွေရာသီတွင် ကစားသမားခေါ်ယူအားဖြည့်ရန် ငွေကြေးအလုံအလောက်ထောက်ပံ့လာပါဦးမယ်။