၂၀၂၇ အာဖရိကဖလားခြေစစ်ပွဲတွင် ဂါနာနှင့် အိုင်ဗရီကို့စ်ထိပ်တိုက်တွေ့ဆုံ
====================

ဂါနာနှင့် အိုင်ဗရီကို့စ်တို့ဟာ ၂၀၂၇ ခုနှစ် အာဖရိကဖလားခြေစစ်ပွဲတွင် ခြေစစ်ပွဲအောင်မြင်ရေး ထိပ်တိုက်ရင်ဆိုင်လာရတော့မှာ ဖြစ်ပါတယ်။
ဂါနာဟာ ပြီးခဲ့တဲ့ အာဖရိကဖလားခြေစစ်ပွဲမအောင်မြင်မှုကြောင့် ကမ္ဘာ့ဖလားအဆင့်သတ်မှတ်ချက်ကျဆင်းသွားမှုနှင့်အတူ ဆီဒင် ရရှိလာခြင်း မရှိပါဘူး။
အနောက်အာဖရိကအသင်းကြီး နှစ်သင်းတို့ဟာ အာဖရိကဖလားခြေစစ်ပွဲအုပ်စု(C) တွင် ၂၀၂၁ ခုနှစ် အာဖရိကဖလားကွာတားဖိုင်နယ်ရောက် ဂမ်ဘီယာ၊ ဆိုမာလီယာတို့နှင့်အတူ ကျရောက်နေပါတယ်။
၂၀၂၇ ခုနှစ် အာဖရိကဖလားပြိုင်ပွဲကို ကင်ညာ၊ တန်ဇာနီးယား၊ ယုဂန္ဒာတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမှာ ဖြစ်ပြီး ယခင်တုန်းကကဲ့သို့ ရာသီတစ်ဝက်တွင် ကစားလာမှာ မဟုတ်ဘဲ ဇွန်လ ၁၉ ရက်နေ့မှ ဇူလိုင်လ ၁၇ ရက်နေ့အထိ ကျင်းပလာပါမယ်။
အာဖရိကဖလားခြေစစ်ပွဲကို လေးသင်းပါ ၁၂ အုပ်စုဖြင့် ကစားလာမှာ ဖြစ်ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံး ၂ သင်းတို့ ခြေစစ်ပွဲအောင်မြင်လာပါမယ်။
တဖက်တွင် အိမ်ရှင် ၃ သင်းတို့က ခြေစစ်ပွဲအောင်မြင်ထားပြီး ဖြစ်ရာ ယင်းသုံးသင်းပါ အုပ်စုမှ တစ်သင်းစီရာ ခြေစစ်ပွဲအောင်မြင်လာမှာ ဖြစ်လို့ ခြေစစ်ပွဲမှာ ရှုပ်ထွေးလာပါမယ်။
အာဖရိကဖလား ၇ ကြိမ်ချန်ပီယံ အီဂျစ်မှာ အန်ဂိုလာ၊ မာလဝီ၊ တောင်ဆူဒန်တို့နှင့် ကျရောက်နေပါသေးတယ်။
အာဖရိကခြေစစ်ပွဲ ပထမ ၄ ပွဲကို ယခုနှစ် စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့မှာ ကစားလာမှာ ဖြစ်ပြီး နောက်ဆုံး ခြေစစ်ပွဲ ၂ ပွဲအား လာမဲ့နှစ် မတ်လမှာ ကစားလာပါမယ်။

image